ရွေးကောက်ပွဲမှာ ဘယ်သူအောင်ပွဲခံမလဲ
အစိုးရမဖြစ်ချင်တဲ့ နိုင်ငံရေးပါတီဆိုတာ ကမ္ဘာပ်ါမှာ ရှိလိမ့်မယ်လို့ မထင်ပါဘူး။ အစိုးရဖွဲ့နိုင်မှ အာဏာရမှာဖြစ်လို့ ငွေကုန်ကြေးကျခံပြီး ရွေးကောက်ပွဲဝင်နေကြတာပေါ့။ အခုအချိန်မှာ နိုင်ငံရေး ပါတီတွေအားလုံးရဲ့ စိတ်ကူးအိပ်မက်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရတစ်ရပ် ဖြစ်လာရေး ပဲဖြစ်ပါလိမ့်မယ်။ စိတ်ကူးအိမ်မက်ဆိုတာ လူတိုင်းမှာရှိတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ မျှော်လင့်ချက် တွေပါပဲ။ အဲဒီစိတ်ကူးတွေ တကယ်ဖြစ်လာ၊ မလာဆိုတာကတော့ ကာယကံရှင်ရဲ့ ကြိုးစားအား ထုတ်မှုနဲ့ အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး၊ အစိုးရဖွဲ့နိုင်ရေး စိတ်ကူးအိပ်မက်တွေ တကယ်ပဲဖြစ်လာအောင် လုပ်ဆောင်နိုင် ပါ့မလားဆိုတာကိုတော့ မကြာခင်သိခွင့်ရတော့မှာပါ။ ဒီကနေ့အချိန်အထိတော့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရမယ့် ပါတီမျိုးကို မတွေ့ရသေးပါဘူး။
အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ လက်ရှိအာဏာရပါတီနဲ့ အတိုက်အခံပါတီတွေလည်း ရွေးကောက် ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရဖို့မသေချာပါဘူး။ အားလုံးက ကိုယ့်ပရိတ်သတ်နဲ့ ကိုယ် ခိုင်ခိုင်မာ မာ ရှိနေတဲ့အတွက် ပါတီတစ်ခုတည်းက ပြိုက်ဘက်မရှိအနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အတိုက် အခံပါတီကြီးရဲ့ မဲဆွယ်မှုတွေကိုကြည့်မယ်ဆိုရင် သူတို့ကိုထောက်ခံသူတွေလို့ ယူဆရတဲ့ ပရိတ် သတ် အင်အားဟာ မနည်းပါဘူး။ ရန်ကုန်လို နေရာမျိုးမှာဆိုရင် အင်အား သောင်းဂဏန်း အထိရှိ တာ တွေ့ရပါတယ်။ ဒါပေမယ့် အဲဒီပရိတ်သတ်တွေဟာ အတိုက်အခံပါတီဥက္ကဋ္ဌ ဒေါ်စုရဲ့ ဟော ပြောပွဲတွေနဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ မဲဆွယ်ဖျော်ဖြေရေးပွဲမျိုးတွေမှာသာ တွေ့ရတာ များပါတယ်။ ကျန်တဲ့ပါတီဝင် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်တဲ့ အခါမျိုးမှာတော့ အင်အားက ရှိသင့်သလောက် မရှိတာကို တွေ့ရပါတယ်။
တစ်ဖက်က အာဏာရပါတီရဲ့ မဲဆွယ်စည်းရုံးမှုအချို့မှာကြတော့ အတိုက်အခံပါတီရဲ့ မဲဆွယ် ဖျော်ဖြေရေးပွဲတွေလောက် ပရိတ်သတ်များတာမတွေ့ရပေမယ့် ကိုယ်စားလှယ်လောင်း တစ်ဦး ချင်းစီအလိုက် မဲဆွယ်ဟောပြောပွဲတွေမှာတွေ့ရတဲ့ ပရိတ်သတ်အင်အားဟာ နည်းတော့မနည်း ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် အာဏာရပါတီကို ထောက်ခံတဲ့သူတွေဟာ နယ်မြေတစ်ခုချင်းစီ အလိုက် အင်အားကောင်းနေတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံရေး စောင့်ကြည့်လေ့ လာသူများရဲ့ လေ့လာသုံးသပ်ချက်များအရ အတိုက်အခံပါတီဟာ ရန်ကုန်၊ မန္တလေးလို မြို့ကြီး တွေမှာ ၃၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးအနိုင်ရနိုင်တယ်လို့ဆိုထားပြီး အဲဒီရာခိုင်နှုန်းအတိုင်းပဲ နယ်မြို့တွေမှာ လက်ရှိ အာဏာရပါတီက မဲအများဆုံးရနိုင်တယ်လို့ ပြောဆိုထားကြပါတယ်။ ရွေး ကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ပရိတ်သတ်များတိုင်း အနိုင်ရနိုင်တာမဟုတ်ဘူးဆိုတဲ့ စကား အတိုင်းပဲ ကျန်တဲ့ပါတီတွေဟာ ထောက်ခံသူ ပရိတ်သတ်တွေကို မျက်ဝါးထင်ထင်မတွေ့ရသေး ပေမယ့် ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ မဲတွေနဲ့ အနိုင်ရနိုင်ပါတယ်။
အဲလိုမျိုး အနိုင်ရမယ့်ပါတီ အများစုကတော့ တိုင်းရင်းသားပါတီတွေပါ။ တိုင်းရင်းသားပါတီတွေဟာ ငွေကြေးအခက်အခဲကြောင့် မဲဆွယ်စည်းရုံးမှုဟောပြောပွဲတွေ အများအပြားမလုပ်နိုင်လို့ ထောက်ခံ သူလို့ ယူဆရတဲ့ ပရိတ်သတ်တွေကို အများအပြား မတွေ့မြင်ရပေမယ့် တိုင်းရင်းသားတွေက တော့ သူတို့ပါတီတွေကိုပဲ မဲပေးကြမယ်လို့ ပြောဆိုထားကြပါတယ်။ နောက်ထပ်တစ်ခု ထူးခြား တာက အခုလာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားရေးသမားတွေပါဝင်လာပါတယ်။ တစ်ချို့က တစ်သီးပုဂ္ဂလ၀င်ရောက်လာကြပြီး အမျိုးသားတိုးတက်ရေးပါတီလို တစ်ခဏအတွင်းမှာ အင်အား ကောင်းလာတဲ့ ပါတီတွေလည်းပါဝင်လာပါတယ်။ အမျိုးသားရေးကိုယ်စားလှယ်လောင်းတွေ ရနိုင် မယ့် မဲအရေအတွက်ဟာ မျိုးစောင့်ဥပဒေအောင်ပွဲတွေမှာတွေ့ရတဲ့ ပရိတ်သတ်အရေအတွက် ထက်ပိုတဲ့ အရေအတွက်တွေဖြစ်လာနိုင်ပါတယ်။
ဒီတော့ ရွေးကောက်ပွဲအပြီးမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရမယ့်ပါတီဆိုတာ မရှိနိုင်ပါဘူး။ ပါတီတစ် ခုထဲက အစိုးရဖွဲ့နိုင်လောက်တဲ့အထိ မဲရဖို့ဆိုတာကလည်း မသေချာပါဘူး။ အသေချာဆုံးကတော့ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာမယ့် အစိုးရဟာ ညွှန့်ပေါင်းအစိုးရဖြစ်လာဖို့များပါတယ်။ ဒါမှမဟုတ်ရင် တပ်မတော်ရဲ့ ထောက်ခံမှုကိုရအောင်လုပ်နိုင်မယ့် ပါတီ၊ အဖွဲ့အစည်းမျိုးသာ အစိုးရ ဖြစ်လာနိုင်ပါလိမ့်မယ်လို့ သုံးသပ်မိပါတယ်။
#ဇော်ထွေး
No comments:
Post a Comment