"ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒေါ်စုတိုင်းပြည်ကို ဦးဆောင်နိုင်ပါ့မလား" မှ အဆက်
၂၀၁၄ ထဲမှာပဲ အိုဘားမားက မြန်မာပြည်မှာ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲကျင်းပတော့ ဒေါ်စုက အမေရိကန် သံကိုယ်စားလှယ်ကို အိုဘားမား အဲဒီပွဲကို တက်ရင် မြန်မာအစိုးရကို အသိအမှတ်ပြုရာဖြစ်မစိုးကြောင့် မတက်ပါနဲ့လို့ ဝန်တိုတားတယ်တဲ့။ ဒါပေမယ့် အိုဘားမားကတော့ တက်သွားပါတယ် တဲ့။
တစ်ချို့ နိုင်ငံခြားစီးပွားရေးပညာရှင်တွေပြောတာက ဒေါ်စုက သူတစ်ဖက်သားကို အထင်သေး အမြင်သေး တဲ့။
တစ်ယောက်ပြောတာက "ဒေါ်စုက သူများကို ဆရာကြီးလုပ်ချင်တာပဲ အာသန်နေတာ။ ကျုပ်တို့ သူဖက် ကိုယ့်ဖက် ဆွေးနွေးလို့လည်း မရဘူး" တဲ့။
၂၀၁၂ တုန်းကလည်း ဒေါ်စုပြောလိုက်တာ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီခင်ဗျာ မျက်လုံးပြူးသွားရဖူးတယ် တဲ့။
"မြန်မာအစိုးရရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး က ပွင့်လင့်မြင်သာမှု မရှိဘူး" တဲ့။ "ဒါ့ကြောင့်
ရေနံအစား မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးရေးဘက်ကို ဇာက်ချလုပ်ပါလား" တဲ့။ စီးပွားရေးပညာရှင်တွေက
ပြောပြကြပါတယ်။ စိုက်ပျိုးရေးကို အာရုံစိုက်သင့်တယ်ဆိုတာကတော့ သဘောတရားအရ မှန်ပါတယ်။
ဒါပေမယ့် မြန်မာ့ငွေအရလွယ်ဆုံးလုပ်ငန်းတစ်ခုက ရေနံလေ။
၂၀၁၄ ခုနှစ်မှာ အမေရိကန်သံအဖွဲ့ မြန်မာပြည်လာတော့ ဒေါ်စုက ကားထုတ်လုပ်ရေးကိုယ်စားလှယ်တွေကို ပြောတယ် တဲ့။ မြန်မာပြည်လူဦးရေအများစုက တောနေလူတန်းစားဆိုတော့ ခင်ဗျားတို့ (ကားအစား) စက်ဘီးထုတ်ပါလား တဲ့။ တက်ရောက်တဲ့တစ်ယောက်က ပြန်ပြောပြတာ။
No comments:
Post a Comment