Friday, November 6, 2015
မဖွဲ့ နိုင်ရင် ရွေးကောက်ပွဲ အပြီးမှာ ... သမ္မတ လုပွဲကြီး ကျင်းပရတော့မယ် ....
တကယ်တန်းပြောရရင်တော့ ....
ရွေးကောက်ပွဲမှာ NLD ဟာ ...
မဲအများဆုံးရတဲ့ ပါတီဖြစ်လာမယ် ...
ဒါဟာ ဘာမှ အငြင်းပွားစရာမရှိဘူး ...
ဆိုလိုတာက ...
ဥပဒေပြုရေး အာဏာ လွှတ်တော်မှာ ...
သူတို့ အင်အားအများဆုံး နဲ့  ၀င်လာမှာ ...
ဒါဆို မသေချာတာက ဘာလဲ ....
သမ္မတ လုပွဲကြီး ကျင်းပရတော့မယ် ....
သမ္မတလုပွဲမှာ NLD ဘက်က ....
NLD အနိုင်ရ အမတ်တွေရယ် ....
SNLD နဲ့  ရခိုင်ပါတီ က အမတ်တွေ ပါလာလိမ့်မယ် ...
တပ်က တင်တဲ့  သမ္မတ ဘက်မှာ ....
တပ်က ၂၅ ရယ် ....
ပြည်ခိုင်ဖြိုး ၊ NDF နဲ့ 
ဖလုံစဝေါ်လို ပါတီက အမတ်တွေ ပါလာမယ် ...
တသီးပုဂ္ဂလ နဲ့  အခြားပါတီတွေကိုတော့ ...
နှစ်ဘက်လုံးက အသဲအသန် စည်းရုံးကြလိမ့်မယ် ...
သူတို့ ဘက်ကို ထောက်ခံရင် ...
ပြည်နယ် ၀န်ကြီးချုပ်ခန့် မယ် ...
ပြည်ထောင်စု ၀န်ကြီး ဘယ်နှစ်ဦး ခန့် မယ် .....
စသဖြင့် စသဖြင့် ....
ပြည်သူ့ လွှတ်တော် ...
အမျိုးသားလွှတ်တော်နဲ့  ...
တပ်မတော်သားကိုယ်စားလှယ်တွေက တင်လိုက်တဲ့ 
ဒုသမ္မတ ၃ဦးကို ....
ပြည်ထောင်စု လွှတ်တော်က ...
မဲခွဲပြီး ဘယ်သူ သမ္မတလဲ ရွေးလိမ့်မယ် ...
ပြည်ထောင်စု လွှတ်တော်မှာ အမတ် ၆၆၄ ဦး ရှိတယ် ...
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့  ...
ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ၇ခု ရှိတယ် ...
ဒါကြောင့် စုစုပေါင်း အမတ် ၆၅၇ ဦးရှိလာမယ် ...
ဆိုလိုတာက အမတ်  ၃၂၉  ဦးထောက်ခံတဲ့ ဒုသမ္မတဟာ ...
သမ္မတ ဖြစ်လာလိမ့်မယ် ...
အမတ် ၃၂၉ ဦးထဲမှာမှ ...
၁၆၆ ဦးဟာ တပ်က ကိုယ်စားလှယ် အမတ်တွေ ဖြစ်တယ် ...
ဒါကြောင့် အရပ်သားအမတ် ၁၆၃ ယာက် ထောက်ခံရင် ...
တပ်က တင်တဲ့  ဒုသမ္မတ က  ....
သမ္မတ ဖြစ်လာမယ် ....
အဓိပ္ပာယ်က ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၃၀-၇=၃၂၃ နဲ့ 
အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ တို့  နှစ်ခုပေါင်း ...
မဲဆန္ဒနယ် ၄၉၁ ခုမှာ ...
၃၄ ရာခိုင်နူန်း နီးပါး တပ်နဲ့  မိတ်ဖက်ပါတီတွေ အနိုင်ရရင် ...
တပ်က တင်တဲ့  ဒုသမ္မတဟာ သမ္မတ ဖြစ်လာမယ် ...
တစ်ဖက်က ပြန်တွက်ရင် NLD နဲ့ မိတ်ဖက်ပါတီတွေဟာ ....
မဲဆန္ဒနယ် ၄၉၁ ခုမှာ ...
၆၇ ရာခိုင်နူန်း မဲနိုင်ထားရင် ...
မနေ့ က သတင်းစာရှင်းလင်းပွဲမှာ ...
ဒေါ်စု ပြောတဲ့ စကားအရတော့ ...
အစိုးရ ဖွဲ့ နိုင်ရင် ....
အစိုးရကို သူဦးဆောင်မယ် ...
သူ့ အနေနဲ့  သမ္မတ ရဲ့ အထက်မှာ ရှိနေမယ်လို့ ဆိုတယ် ...
တစ်ခါ လွှတ်တော်ထဲမှာလဲ ....
သူ့ ပါတီက အမတ်တွေက ကြီးစိုးမယ် ...
သူတောင် လွှတ်တော် ဥက္ကဌ လုပ်ချင် လုပ်နိုင်တယ် ...
အဓိပ္ပာယ်က အာဏာသုံးရပ်မှာ ...
နှစ်ရပ်ကို သူ ချုပ်ကိုင်ပြီး ....
ငါမိုကရေစီ နဲ့  ခရီးဆက်မယ်လို့ ဆိုလိုတာ ဖြစ်တယ် ....
အာဏာသုံးရပ်မှာ နှစ်ရပ်ကို ...
ဒေါ်စုက ချုပ်ကိုင်တော့မယ်ဆိုရင် ...
နိုင်ငံတော် အခမ်းအနားတွေမှာ ....
သူ့ ကို ဘယ်လို အခေါ်အဝေါ်နဲ့  ခေါ်သင့်လဲလို့  ...
စဉ်းစားစရာ ဖြစ်လာတယ် ...
တွေးမိတာကတော့ ...
ဥက္ကဌကြီးနဲ့  သမ္မတကြီး နှစ်ခုပေါင်းပြီး ....
ဥက္ကမကြီး လို့  ဂုဏ်ပြုရမလို ဖြစ်နေတယ် ...
၅.၁၁.၂၀၁၅  သတင်းစာရှင်းပွဲအပြီးမှာတော့ ....
ဒေါ်စု အာဏာရလာရင် ...
ဘာကို အရင်ဆုံး စပြင်မလဲဆိုတဲ့   ...
ကိုယ်တွေ သိလိုက်ရတယ် ...
ရန်ကုန်ကို Rangoon ရန်ဂွန်း ...
မြန်မာကို Burma ဘားမားလို့  ...
အရင်ဆုံး စပြင်မှာ ဖြစ်တယ် ...
:P :P :P :P :P
ဘာလို့ လဲဆိုတော့ ...
မနေ့ က ပွဲ အထိတော့ ....
ရန်ဂွန်း နဲ့  ဘားမားပဲ ....
တွင်တွင် လုပ်နေသေးလို့ ဖြစ်တယ် ...
:D :D :D :D :D
( ရဲမိုး )
No comments: