Monday, November 9, 2015

မြစ်ကြီးနားတွင် စာရင်းအင်းမရှိဘဲ မဲ ၈၉၁ မဲပါ ကြိုတင်မဲ ပုံး ၁ ပုံး ပါရှိနေ၊ ကြိုတင်မဲ ၁၅၆၉၈ မဲသည် ညသန်းခေါင်ယံအချိန်မှသာ ရောက်ရှိလာခြင်းဖြစ် =================================

Update News- မြစ်ကြီးနားတွင် စာရင်းအင်းမရှိဘဲ မဲ ၈၉၁ မဲပါ ကြိုတင်မဲ ပုံး ၁ ပုံး ပါရှိနေ၊ ကြိုတင်မဲ ၁၅၆၉၈ မဲသည် ညသန်းခေါင်ယံအချိန်မှသာ ရောက်ရှိလာခြင်းဖြစ်
==================================================
မြစ်ကြီးနားမြို့ ပြည်သူ့ဝန်ဆောင်မှု ရုံးကို ရောက်ရှိလာတဲ့ ကြိုတင်မဲတွေက နိုင်ငံခြားမဲတွေမဟုတ်ဘဲ စစ်တပ်နဲ့ ၀န်ထမ်းတွေ ဆီက ရောက်လာတဲ့ ကြိုတင်မဲတွေလို့ပြောဆိုပြန်ပါတယ်။ ကော်မရှင်တာဝန်ရှိသူတွေကြောင့် ကြိုတင်မဲတွေ စာရင်းသွင်းဖို့ မေ့လျော့ခဲ့တာလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောဆိုပြီး မဲရုံဝန်ထမ်းတွေကြိမ်းမောင်းပြစ်တင်နေပါတယ်။

မြစ်ကြီးနားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးကို ရောက်ရှိလာတဲ့ မဲပုံးတွေမှာ စာရင်းအင်းရှိတာက ၉ ပုံးပဲရှိပြီး မဲပုံး ၁ ပုံးက စာရင်းအင်းမရှိဘဲ ပါဝင်လာပါတယ်။ မဲပုံးပိုနေတာကို NLD မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးညွှန့်ဝင် ရှေ့မှာတင် မဲတွေကို အကုန်ရောမွှေလိုက်တာမို့  ပြန်ဖယ်လို့မရတော့ပါဘူး။ အခုတော့ မဲတွေကို ကော်မရှင်က ဆက်လက်ရေတွက်နေပါတယ်။

ကြိုတင်မဲအများစုက ကြံ့ခိုင်ရေးပါတီမှ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွှန့်ဝင်းမဲတွေချည်းဖြစ်နေပါတယ်။

No comments: