Saturday, November 14, 2015

ဖင်မနိုင်ပဲ ပဲကြီးဟင်းစားမိသူများ ~~~~~~~~~~~~~~~~~~~~~

ဖင်မနိုင်ပဲ ပဲကြီးဟင်းစားမိသူများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူဘဝဆိုတာ ရဖို့ရာ မလွယ်ကူသလို ရလာတဲ့ဘဝမှာ ဘဝတခု လှပအောင် သမိုင်းတခု လှပအောင် ကိုယ့်ဘဝကို ကိုယ်တိုင်ရေးခြယ်နေရတာပါ ။ ဘဝသမိုင်း မရိုင်းရအောင် ရေးသားနေသူတွေရှိနေသလို မိမိဘဝတွင်မက အခြားဘဝများစွာကိုလည်း စုတ်ပြတ်သက်သွားအောင် ရေးနေတဲ့သူတွေကလည်း အပေါသားဗျ ။
မြန်မာပြည်တွင် ယခု သမိုင်းကို အလေးထားသူရှိနေသလို သမိုင်းကို လှပဖို့ အလေးမထားသူတွေ လည်းရှိနေလေရဲ့ဗျာ ။ သမိုင်းကောင်းဖို့ သမိုင်းလှဖို့ ဖြစ်လာတဲ့ လူ့ဘဝလေးမှာ ကြိုးဆွဲရာကတဲ့ ရုပ်သေးလို မဖြစ်ဖို့ မကောင်းတာတွေငြင်းဆိုလိုက်ပါပြီ ။ လေးစားပါတယ် ဒေါက်တာ အောင်သက်ထွန်းရေ။ မာယာထောင်ချောက်ကနေခုန်ထွက်နိုင်ခဲ့ပါပြီ ။ အမှန်တရားဘက်ကို ရွေးချယ်နိုင်ခဲ့ပါပြီ ။ သမိုင်းလိမ်သူများအတွက်တော့ အခတ်တွေ့စရာဖြစ်သွားပါပြီ ။ မြန်မာပြည်ရဲ့အနာဂတ် မဲလိမ်တောင်းမိကတည်းက ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတဲ့သူတွေ အခု အခတ်တွေ့ပြီး အယုံကြည်မဲ့ကုန်ပါပြီ ။ သမိုင်းမလှတဲ့သူတွေရဲ့ နိဂုံး မကြာခင် ဇာတ်သိမ်းရတော့မှာပါလား ။ သနားပါတယ် ။ သန်း ၅၀သောပြည်သူတွေ  ဒုက္ခဘေးမှ လွတ်ကင်းပါစေဗျာ ။
                                                     မစ္စတာ ဗိုလ်တိုက်မောင်း
                                                    14/11/2015
                                                      PM 12:19
========================================
ဒေါက်တာ အောင်ထွန်းသက် NLD သမ္မတ တာဝန်ယူရန်ငြင်းဆို
..............................................................................
ဒေါက်တာ အောင်ထွန်းသက်ကို NLD ပါတီက သူတို့ပါတီ အစိုးရဖွဲ.နိုင်လျှင် သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ပေးရန် ကမ်းလှမ်းခဲ့ရာ ၊ ဒေါက်တာ အောင်ထွန်းသက်မှ ဟန်ပြ ရွေရည်စိမ် သမ္မတ အဖြစ် သူ့အနေနဲ့ လုံးဝ လုပ်မည်မဟုတ်ကြောင်း ၊ သမ္မတ အဖြစ် လုပ်ပိုင်ခွင့် အပြည့်ရရှိပြီး ၊ ပါတီသြဇာ ကင်းလျှင် ကမ်းလှမ်းမှုကို လက်ခံမည်ဟု အကြောင်းပြန်ခဲ့ပါသည် ။ ဒေါက်တာ အောင်ထွန်းသက်ကို Myanmar Journal မှ ဆက်သွယ် မေးမြန်းရာ
"" ကျွန်တော်က တဘဝမှာ တခါပဲ သေမယ် ၊ လူလည်းသေ နာမည်လည်းသေ နှစ်ခါသေမဲ့ နဖားကြီုး ထိုးခံရတဲ့ အလုပ်မျိုးတော့ မလုပ်ဘူး ။ အဲ့ဒီလို အလုပ်မျိုး လုပ်တဲ့သူရှိရင်လည်း ၊ သူသာမက ၊ သူ့သားစဉ် မြေဆက် ပြည်သူတွေရဲ့ ရှုပ်ချ ၊ လှောင်ပြောင် သရော်တာကို ခံရတော့မယ် ။ အဲ့ဒီလို သမ္မတမျိုးဟာ ဂဠုန်ဦးစော လို ဆွေစဉ်မျိုးဆက် လူတော မတိုးဝံ့တဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်"" ဟု ပြောကြားခဲ့ပါတယ် ။
Myanmar Journal


No comments: