Friday, September 4, 2015

KIA အဖွဲ့မှ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးထားသော ရွာသားနှစ်ဦးအား ငွေမပေးနိုင်၍ ၆ လ ဖမ်းဆီးထားခြင်းအပေါ် ဒေသခံများမကျေနပ် ===============

KIA အဖွဲ့မှ မူးယစ်ဆေးဝါးအကြောင်းပြ ဖမ်းဆီးထားသော ရွာသားနှစ်ဦးအား ငွေမပေးနိုင်၍ ၆ လ ဖမ်းဆီးထားခြင်းအပေါ် ဒေသခံများမကျေနပ် ===================================== ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ် ၊ ဆင်ဘိုမြို့တွင် နေထိုင်သောရွာသားနှစ်ဦးအား KIA တပ်ဖွဲ့ဝင်များမှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးထံမှ သိရ သည်။ ဆင်ဘိုမြို့၏အနောက်တောင်ဘက် နားလုံးကွင်းရွာသို့ သြဂုတ်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး မူးယစ်ဆေးဝါးသုံးစွဲကျော်ဇောသတင်းကြောင့် ဦးနော်ဆိုင်း နှင့် ဦးဇော်ထူး ဆင်ဘိုမြို့နေသူ အရပ်သားနှစ်ဦးအား အတင်းအကြပ်ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သုံးသိန်းဖြင့် ပြန်လည်ရွေးခိုင်းရာ မရွေးနိုင်သဖြင့် ထောင်ဒဏ် ၆ လ ကျခံစေရန် ပြစ်ဒဏ်ချခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ကချင်ပြည်နယ်တွင် KIA အဖွဲ့မှ မူးယစ်ဆေးဝါးအကြောင်းပြကာ အတင်းအကြပ် ဖမ်းဆီးခြင်းများမှာ ကျေးရွာများတင်သာမကဘဲ မြို့ပေါ်အဆင့်ထိ ဖမ်းဆီးခြင်းများ အတင့်ရဲစွာ လုပ်ကိုင်လာကြောင်း ၊ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ဒေသခံများအား မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ ဖမ်းဆီး ငွေတောင်းခြင်း၊ လူသစ်စုဆောင်းမှုများ ပြုလုပ်နေခြင်းအပေါ် ဒေသခံများအနေဖြင့် မကျေမနပ်ဖြစ်ကာ သက်ဆိုင်ရာ KIA ခေါင်းဆောင်ပိုင်းသို့ တိုင်ကြားခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း ရပ်မိရပ်ဖတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ “ ဒီဒေသမှာ သူတို့လုပ်ချင်တိုင်းလုပ်နေကြတာ သူတို့က အာဏာပိုင်အဖွဲ့အစည်းကျနေတာပ၊ဲ အခုလို မူးယစ်ဆေးဝါးအကြောင်းပြပြီး အတင်းအကြပ်ဖမ်းဆီး ငွေတောင်း ငွေမပေးနိုင်လျှင်ထောင်ချတယ်ဆိုတော့ တရားသလားဗျာ ဒီကောင်တွေ မတရားအနိုင်ကျင့်နေတာ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုင်မှဖြစ်တော့မယ်၊ ကြာလာရင်ဒီထက်ပိုဆိုးလာတော့မှာ ” ဟု အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှ ပြောပြပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: