Thursday, December 31, 2015

ပွဲ(၅၀၀)ပြည့်မှာ မက်ဆီဂိုးသွင်းနိုင်ခဲ့ပြီး ဘာစီလိုနာ ဆက်လက်ဦးဆောင်ဆဲ

ပွဲ(၅၀၀)ပြည့်မှာ မက်ဆီဂိုးသွင်းနိုင်ခဲ့ပြီး ဘာစီလိုနာ ဆက်လက်ဦးဆောင်ဆဲ
- -- - - -
လာလီဂါပွဲစဉ်(၁၇)တွင် ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေသည့် ဘာစီလိုနာ၊ အက်သလက်တီကိုနှင့် ရီးယဲလ်တို့ နိုင်ပွဲကိုယ်စီရခဲ့သည်။

ဘာစီလိုနာက ဘက်တစ်ကို (၄-၀)ဂိုးဖြင့် ဂိုးပြတ်နိုင်ခဲ့ပြီး ဘက်တစ်နောက်ခံလူ ၀က်စတာမန်က (၂၉)မိနစ်တွင် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဘာစီလိုနာ ဦးဆောင်ဂိုးရခဲ့သည်။
(၃၄)မိနစ်တွင် ဘာစီလိုနာနှင့် ပွဲ(၅၀၀)ပြည့်ခဲ့သည့် မက်ဆီက ဒုတိယဂိုးသွင်းယူခဲ့ပြီး (၄၇)နှင့် (၈၃)မိနစ်တို့တွင် ဆွာရက်ဇ်က အနိုင်ဂိုး(၂)ဂိုး သွင်းယူပေးခဲ့သည်။

အက်သလက်တီကိုအသင်းမှာမူ တန်းဆင်းဇုန်ထဲမှ ဗယ်လက်ကာနိုကို နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အက်သလက်တီကိုအတွက် အနိုင်ဂိုး (၂)ဂိုးကို (၈၈)မိနစ်တွင် ကော်ရီယာနှင့် မိနစ်(၉၀)တွင် ဂရစ်ဇ်မန်းတို့က သွင်းယူခဲ့သည်။

ရီးယဲလ်အသင်းမှာမူ စီရော်နယ်လ်ဒို၏ ဂိုး(၂)ဂိုးအပါအ၀င် (၃-၁)ဂိုးဖြင့် ဆိုစီဒက်ကို အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

ပွဲစဉ်(၁၇)ရလဒ်များ
- - - -
ရီးယဲလ် ၃-၁ ဆိုစီဒက်
လီဗန်တေး ၀-၁ မာလာဂါ
ဆီဗီလာ ၂-၀ အက်စ်ပန်ညို
ဗယ်လက်ကာနို ၀-၂ အက်သလက်တီကို
အီဘာ ၂-၀ စပို့တင်းဂီဂျွန်
ဂီတာဖေး ၀-၀ ဒီပို့တီဗို
ဘာစီလိုနာ ၄-၀ ဘက်တစ်
ဆယ်လ်တာဗီဂို ၀-၁ ဘီလ်ဘာအို
လက်စ်ပါးမားစ် ၄-၁ ဂရန်နာဒါ

(ပုံစာ- အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့သည့် ဆွာရက်ဇ်နှင့် ဘာစီလိုနာကစားသမားများ အောင်ပွဲခံနေစဉ်)

Photos: Reuters

No comments: