Monday, July 18, 2016

ကားတွေက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ပမာဏကို စစ်ဆေးမယ်ဆိုရင်

ကားတွေရဲ့ ဓာတ်ငွေ့ထုတ်လွှတ် မှုနှုန်းတွေကို နိုင်ငံတကာ စံနှုန်း တစ်ခု သတ်မှတ်ပြီး မော်တော် ယာဉ်ဥပဒေအရ စစ်ဆေးသတ် မှတ်သွားတော့မှာ ဖြစ်ပါတယ်။
‘‘မော်တော်ယာဉ်ဥပဒေမှာ ပါတဲ့ စံချိန်စံညွှန်းအတိုင်း စစ်ဆေးနေတယ်၊ သတ်မှတ်ချက်က Euro-2 အဆင့် သတ်မှတ်ထား တယ်၊ အာဆီယံ နိုင်ငံတွေမှာ လည်း Euro 2 အဆင့်သတ်မှတ် ချက်နဲ့စစ်ဆေးနေတယ်’’လို့ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦလျန်ကျင်းမန်က ပြောပါတယ်။ကမ္ဘာ့နိုင်ငံအသီသီးမှာ မော်တော် ယာဉ်တွေ၊ စက်ရုံတွေနဲ့ တခြား လူကြောင့်ထွက်လာတဲ့ဓာတ်တွေ ကို ထိန်းချုပ်နိုင်ဖို့အတွက် ၁၉၉၀ လောက်က စတင်ကြိုး ပမ်းခဲ့ကြပါတယ်။ ကာဗွန်မိုနိုနောက်ဆိုက် (CO) နဲ့ တခြား ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ကြိုးပမ်းခဲ့ကြပါတယ်။ ပြည်တွင်းမှာလည်း မော် တော်ယာဉ်အစီးရေက၂၀၁၁  မော်တော်ယာဉ် တင်သွင်းခွင့်တွေ လွတ်လပ်လာတဲ့ နောက်ပိုင်းမှာ သိသိသာသာ များပြားလာခဲ့တာ တွေ့ရပါတယ်။ ကုန်းလမ်း ပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန စာရင်းတွေအရ ၂၀၁၀ မှာ အိမ်စီး၊ ကုန်တင်ယာဉ်၊ ဘတ်စ်ကားနဲ့ တခြားမော်တော်ယာဉ်စုစုပေါင်းအစီးရေ သုံးသိန်းခြောက်သောင်းခန့်ရှိခဲ့ရာက ၂၀၁၅ အောက်တိုဘာရောက်ချိန်မှာ အစီးရေ စုစုပေါင်း (ခုနစ်သိန်းငါးသောင်း) ကျော်အထိ ရှိလာခဲ့ပါတယ်။
မော်တော်ယာဉ်အပါအ၀င် တခြားစက်တပ်ယာဉ် စုစုပေါင်း အစီးရေမှာလည်း သိသိသာသာ တိုးပွားလာတာကို  တွေ့ရပါ တယ်။ ၂၀၁၀ မှာ စက်တပ်ယာဉ် အစီးရေ စုစုပေါင်း နှစ်ဆယ့်သုံးသိန်းခန့်ရှိခဲ့ရာက ၂၀၁၅ မှာတော့အစီးရေ  စုစုပေါင်း  ငါးဆယ့်သုံးသိန်းလေးသောင်းကျော် အထိ ရောက်ရှိလာပါတယ်။
အဲဒါကြောင့် ပြည်တွင်းမှာ မော်တော်ယာဉ်တွေ များပြားလာ တာနဲ့အမျှ ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏတွေကလည်း တစ်နှစ်ထက်တစ်နှစ် ထက်မြင့်မားလာခဲ့ တာကို ကမ္ဘာနဲ့ တခြားသဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်းတွေရဲ့ သုတေသနစာတမ်းတွေအရ သိရ ပါတယ်။
၂၀၁၅ မှာ စတင်အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မော်တော်ယာဉ် ဥပဒေ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းနဲ့ မော်တော်ယာဉ် စစ်ဆေးခြင်းအခန်းကဏ္ဍတွေမှာ လည်း ကားတွေရဲ့ အိတ်ဇော ဓာတ်ငွေ့ ထုတ်လွှတ်မှုကို စစ် ဆေးခွင့်ပြုဖို့အတွက် စံနှုန်းတွေထည့်သွင်းသတ်မှတ်လာတာ တွေ့ရပါတယ်။အဲဒါကြောင့် ၂၀၁၆ အတွင်းမှာ သက်တမ်းတိုးမယ့် မော်တော်ယာဉ်တွေနဲ့ မှတ်ပုံတင်မယ့် မော်တော်ယာဉ်တွေ မော်တော်ယာဉ်ဥပဒေပါ သတ်မှတ်ချက်စံ နှုန်းတွေအတိုင်း စစ်ဆေးပြီးမှသာသက်တမ်းတိုးခွင့်နဲ့ ယာဉ်မှတ်ပုံတင်ခွင့်တွေကို ရရှိမှာ ဖြစ်ပါတယ်။
မော်တော်ယာဉ်ဥပဒေအရ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း ၀င်တဲ့ မော်တော်ယာဉ်တွေကိုစိစစ်ခွင့်ပြုပေးနိုင်ဖို့အတွက်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့မော်တော်ယာဉ်စစ်လုပ်ငန်းတွေအပြင် ပုဂ္ဂလိကမော်တော်ယာဉ်စစ် လုပ်ငန်းတွေကိုပါ ဖိတ်ခေါ်ပြီး လုပ်ကိုင်ခွင့်ပြုဖို့လည်း ပြင်ဆင်နေပါတယ်။
အခုအချိန်အထိ ပုဂ္ဂလိက ယာဉ်စစ်လုပ်ငန်းလုပ်ကိုင်ခွင့်အ တွက် လျှောက်ထားတဲ့ကုမ္ပဏီ စုစုပေါင်း ၂၇ ခုရှိပါတယ်။ မော် တော်ယာဉ်တွေကို စစ်ဆေးဖို့အတွက်လည်း Exhaust EmissionTester အပါအ၀င် တခြားစက်ပစ္စည်းခုနစ်မျိုးဖြင့် စစ်ဆေးမှာ ဖြစ်ပါတယ်။ Exhaust Emission  အတွက် စံနှုန်းကိုတော့ Euro 2Standard ကို အခြေခံစစ်ဆေးမှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရ ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေ မှာတော့ Euro-6 Standard အဆင့်အထိ လိုက်နာအသုံးပြုနေ ပြီဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေ နဲ့ ဂျပန်နိုင်ငံတွေမှာတော့ ဓာတ် ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ဖို့ အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်က စတင်ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေအပြင် ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးစနိုင်ငံတွေကပါ ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်း ချုပ်နိုင်ဖို့အတွက် ကြိုးပမ်းလာကြ ပါတယ်။ အဲဒီလို အရေးတကြီး ထိန်းချုပ်ဖို့ လိုအပ်လာတဲ့ အ ကြောင်းကတော့ မော်တော်ယာဉ် နဲ့ တခြားစက်ပစ္စည်းတွေကထုတ် လွှတ်တဲ့ ဓာတ်ငွေ့တွေမှာ လူကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့ လေးမျိုးက အဓိက ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီဓာတ်ငွေ့တွေကတော့ နိုက်ထရိုဂျင်အောက်ဆိုက် (NOx)၊ကာဗွန်မိုနိုနောက်ဆိုက် (CO)၊ Particulate Matter( PM10 and PM2.5) နှင့် Volatile Organic Compounds(VOCS) တို့ဖြစ်ပါတယ်။ ယင်းဓာတ်ငွေ့တွေကြောင့် အဆုတ်ပွရောဂါ၊ လေပြွန်ရောင်ရောဂါ၊ ပန်းနာရင် ကျပ် အစရှိတဲ့ အဆုတ်နဲ့ပတ် သက်တဲ့ ရောဂါတွေ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ရိုးတွင်းခြင်ဆီထိ ခိုက်ခြင်း၊ သွေးနီဥ ပျက်စီးခြင်း၊ နှလုံးနဲ့ အသည်းရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်လို့ အခုနောက် ပိုင်း ဆေးပညာဆိုင်ရာ သုတေသန ပြုချက်တွေအရ  သိရပါ တယ်။
ပြည်တွင်းမှာတော့ အင်ဂျင်ပိုင်း အပူလွန်ကဲမှုကိုလျှော့ချနိုင်ဖို့နဲ့ ကားအိတ်ဇောကြေးကပ်ပိတ်ဆို့တာကို ဖြေရှင်းနိုင်ဖို့အတွက် ကားတွေရဲ့ အိတ်ဇောတွေမှာ ပါဝင်တဲ့ ကျောက်ဆန်ခါ(Cata-lyst Converter) တွေကို ဖယ်ထုတ်ပစ်ကြပါတယ်။ အမှန်တကယ်တော့ Catalyst Converter တွေက ကားအင်ဂျင်မှ ထုတ်လွှတ်လိုက်တဲ့ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေ ကို စစ်ထုတ်ပေးထားတာဖြစ်ပါတယ်။
Catalyst Converter တွေ ကိုဖယ်ထုတ်လိုက်တဲ့အခါ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေက အတိုင်း အတာ၊ အကန့်အသတ်မရှိတော့ ဘဲ လေထုအတွက် အန္တရာယ် ကြီးမားလာစေပါတယ်။ ပြည် တွင်းမှာ ကျောက်ဆန်ခါခွဲထုတ် တဲ့ အလေ့အထက အရင်ကတည်းကရှိနေခဲ့ပေမယ့် အခုအချိန်မှာ တော့ ကားအစီးရေသိသိသာသာ များပြားလာချိန်မှာ ပိုပြီးကြီးမားတဲ့ အန္တရာယ်တစ်ခုဖြစ်လာပါတယ်။
အဲဒါကြောင့် အစိုးရပိုင်းအ နေနဲ့လည်း ကျောက်ဆန်ခါခွဲ ထုတ်ထားတဲ့ ကားတွေကို လမ်း တွေနဲ့ လေထုတွေထဲမှာပါ မောင်းနှင်ခွင့် တားမြစ်သင့်ပြီး ဓာတ်ငွေ့အလွန်အကျွံ ထုတ်လွှတ်နေတဲ့ ကားတွေကိုလည်း ထိထိရောက်ရောက်  ကန့်သတ်ထိန်းချုပ်သင့်ပါ တယ်။
_အောင်ဖြိုးမွန်

No comments: