Monday, July 18, 2016

အောင်ပွဲခံ အထိမ်းအမှတ်အနေနဲ့ Veyron တစ်စီးဝယ်လိုက်တဲ့ ရော်နယ်ဒို

ပေါ်တူဂီ ဘောလုံးကြယ်ပွင့် ရော်နယ်ဒိုဟာ ယူရို ၂၀၁၆ ပြိုင်ပွဲမှာအောင်မြင်မှုရရှိခဲ့တဲ့ အထိမ်းအ မှတ်အဖြစ် Bugatti ရဲ့ Veyron မော်ဒယ် တစ်စီးကို ဝယ်ယူခဲ့ပါ တယ်။
 ပြင်သစ်မှာ  ကျင်းပတဲ့ ဥရောပဖလား ယူရိုပြိုင်ပွဲကြီးမှာ ပေါ်တူဂီက အိမ်ရှင်အသင်းကို ဗိုလ်လုပွဲမှာ အနိုင်ကစားပြီး နိုင်ငံ သမိုင်းတစ်လျှောက် ပထမဆုံး အောင်မြင်မှု  ဆုဖလားကြီးကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ နာမည်ကြီး တိုက်စစ်မှူးလည်း ဖြစ်တဲ့ ပေါ်တူဂီ အသင်းခေါင်း ဆောင်က အောင်ပွဲခံအထိမ်းအ မှတ်အဖြစ် ဒေါ်လာ ၂ ဒသမ ၅ သန်းတန် စူပါကားကို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အချမ်းသာဆုံးအားကစားသမား တစ်ယောက် လည်းဖြစ်တဲ့ ရော်နယ်ဒိုဟာ တန်ဖိုးကြီး ပြိုင်ကားတွေကို အရူးအမူး စုဆောင်းလေ့ရှိသူပါ။ သူ့မှာFerrari 599 GTB Fiorano တစ်စီး၊ Porsche 911 Carreraတစ်စီး၊ Audi R8 တစ်စီး၊ AstonMartin DB9 တစ်စီး၊ Lambor-ghini Aventador တစ်စီးတို့အပါအဝင် စူပါကားတပ်ဖွဲ့တစ်ခု ကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
အသက် (၃၁) နှစ်အရွယ် ရော်နယ်ဒိုက သူအသစ်ဝယ်ယူ ဖြစ်ခဲ့တဲ့ Veyron ရဲ့ပုံကို Insta-gram မှာ တင်ထားပြီး ‘‘ကျွန်တော့် ကောင်ကြီး ရောက်လာပြီ’’ လို့ ရေးသားထားပါတယ်။ လတ်တလောမှာတော့ ရော်နယ်ဒိုဟာ စပိန်နိုင်ငံ၊ အိုင်ဘစ်ဇာ ကမ်း ခြေမှာ အနားယူအပန်းဖြေနေဆဲ ပါ။ ပေါ်တူဂီဟာ ယူရိုပြိုင်ပွဲမှာ သိပ်ပြီး ထင်ရှားတဲ့အသင်းမဟုတ် ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ဦးဆောင် မှုနဲ့အတူ အံ့အားသင့်ဖွယ် ခြေစွမ်း ပြပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
Veyron ဟာ အမြင့်ဆုံးမြန် နှုန်း တစ်နာရီ ၂၅၅ မိုင်ထိ မောင်းနှင်နိုင်ပြီး ဈေးကွက်ထဲမှာ ရောင်းချတဲ့ ကမ္ဘာ့အမြန်ဆုံး ကားမော်ဒယ် အဖြစ် မှတ်တမ်းဝင်ခဲ့ပါ တယ်။ ဒါပေမဲ့ လတ်တလောမှာ တော့ Bugatti ဟာ Veyron မော်ဒယ်တွေ ထုတ်လုပ်မှုကို ရပ်ဆိုင်း ထားပြီး လာမယ့်နှစ်ပိုင်းအတွင်း မျိုးဆက်သစ်မော်ဒယ် Chiron ကို ရောင်းချဖို့စီစဉ်နေပြီဖြစ်ပါတယ်။
—Ref: Mirror
(ဇွဲရဲဝင့်)

No comments: