တောင်ကိုရီးယား
နည်းပညာလုပ် ငန်းစုကြီး Samsung ဟာ လျှပ် စစ်ကား နည်းပညာ ကဏ္ဍကို ထဲထဲဝင်ဝင်
စိတ်ဝင်စားလာတဲ့ အရိပ်လက္ခဏာအဖြစ် တရုတ်က လျှပ်စစ်ကားကုမ္ပဏီတစ်ခုမှ ရင်း
နှီးမြှုပ်နှံဖို့ စတင် ဆွေးနွေးနေပါ ပြီ။
စမတ်ဖုန်းဈေးကွက်မှာ အဓိကပြိုင်ဘက်ကြီး ဖြစ်နေတဲ့ Apple က ကားလောကထဲ ဝင်ရောက်ဖို့ ခြေလှမ်းပြင်နေချိန်မှာ Samsungကလည်း တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD မှာ ရင်းနှီးမြှုပ်နှံ သွားဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ Samsung က ဒီခြေလှမ်းသစ်ဟာ မော်တော်ကားတွေအတွက် ဆီမီးကွန်ဒက်တာတွေ ထုတ်လုပ်ပေး နေတဲ့ သူတို့ရဲ့ လက်ရှိလုပ်ငန်း အစိတ်အပိုင်းအတွက်လည်း အကျိုးကျေးဇူးရှိစေမယ်လို့ ဆိုပါ တယ်။
Samsung က BYD မှာ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတာကို လျှို့ဝှက်မထားပေမယ့် ငွေပမာဏ ဘယ်လောက်အတိုင်းအတာ အထိ ရင်းနှီးသွားမလဲဆိုတာကို တော့ နှုတ်ဆိတ်နေပါတယ်။
Samsung ရဲ့ လှုပ်ရှားမှုဟာ နည်းပညာ ကုမ္ပဏီတွေနဲ့ ကားကုမ္ပဏီတွေကြား လက်တွဲပေါင်းကူးမှုတွေရဲ့ နောက်ဆုံးပေါ် သင်္ကေတ တစ်ခု ဖြစ်လာပါတယ်။
လက်ရှိ မော်တော်ကား ကုမ္ပဏီကြီးတွေက ကားတွေရဲ့ နည်းပညာပိုင်းနဲ့ အင်တာနက် ချိတ်ဆက်မှုပိုင်းကို မြှင့်တင်ဖို့ ကြိုးစားနေတာကြောင့် နည်းပညာ လုပ်ငန်းစုကြီးတွေနဲ့ ပိုပြီးချိတ် ဆက်လာတာလည်း ဖြစ်ပါတယ်။ Sam−sung ဟာ စမတ်ဖုန်းနဲ့ Memory Chip တွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီကြီး ဖြစ်ပါတယ်။ Samsung ပါဝင်လာမှုဟာ လျှပ်စစ်ကားနည်းပညာတိုးတက်ရေးအတွက် ကောင်းကျိုး ဖြစ်ထွန်းစေလိမ့်မယ်လို့ BYD က ဆိုပါတယ်။
BYD ဆိုတာ ‘‘အိပ်မက်တွေ ကို တည်ဆောက်ပါ’’လို့ အဓိပ္ပာယ် ရတဲ့ အင်္ဂလိပ်စကား Build Your Dreams ကို အတိုကောက်မှည့် ခေါ်ထားတာပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျှပ်စစ်ကား တွေ၊ သန့်စင်စွမ်းအင် နည်းပညာတွေကို တောင်းဆိုမှု မြင့်တက်လာချိန်မှာ BYD က အကျိုးအမြတ် တွေ စတင်ခံစားနေရပြီ ဖြစ်ပါ တယ်။
BYD ကို ၁၉၉၅ မှာ အင်ဂျင်နီယာ ဝမ်ချွန်ဖူက စတင်ထူထောင် ခဲ့ပြီး အစပိုင်းမှာတော့ မိုဘိုင်းဖုန်း တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု အဖြစ် ကမ္ဘာ့ဈေးကွက်ထဲ ဝင် ရောက်လာတယ်။
၂၀၀၂ မှာတော့ ကားကုမ္ပဏီငယ် တစ်ခုကို သိမ်းသွင်းဝယ်ယူလိုက်ပြီး အဲဒီနောက်ပိုင်း လျှပ်စစ်ကားနည်းပညာ ကဏ္ဍကို တစိုက်မတ်မတ် အကောင်အထည်ဖော် တီထွင်တဲ့ ကားကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။
—Ref: ABC
(ဇွဲရဲဝင့်)

No comments:
Post a Comment