Tuesday, October 4, 2016

မဟာသိန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းစာရှင်းမည်


Posted: October 4, 2016

မဟာသိန္တိသုခကျောင်းတော်ကြီးနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ လာမည့် အောက်တိုဘာလ ၈ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

မဟန သံဃာ့မနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပိုင်ရှင်မှန်ဖြစ်သော ပီနန်ဆရာတော်ကြီးကို ပင့်ဖိတ်ပြီး ပြန်လည်အပ်နှံပေးရန် ယခုအစိုးရသစ်မှ ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်ကြောင်း လန်ဒန်ဆရာတော် ဘဒ္ဒ န္တဥတ္တရက သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က မိန့်ကြားခဲ့သည်။

 

“မဟန ဆရာတော်တွေရဲ့ ညွှန်ကြားချက်အရ လုပ်တာဖြစ်မှာပါ။ ဘာတွေ ရှင်းမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ဒီဘက်ကို ဖိတ်ထားတာတော့ မရှိပါဘူး” ဟု မဟာသိန္တိသုခကျောင်းတော်ကြီးအမှုကို ဆောင်ရွက်ပေး လျှက်ရှိသော တရားလွှတ်တော်ရှေ့နေ ဦးသိမ်းဝင်းက The Ladies သို့ ပြောသည်။

 

ကျောင်းတော်အမှုကိစ္စနှင့် ပတ်သက်၍ လန်ဒန်ဆရာတော် ဘဒ္ဒန္တဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးတို့သည် သက်သေခံစာရွက်များကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်သို့ တင်ပြခဲ့သည်။

 

မဟာသိန္တိသုခ ကျောင်းတော်ကြီးသည် ၁၉၉၀ ခုနှစ်တွင် ပီနန်ဆရာတော်ကြီးအား ကျောင်းမြေကို လှူဒါန်းခဲ့သည့်အတွက် ဆရာတော်ကြီး အမည်ဖြင့် မြေဂရန်ရရှိထားခြင်း ဖြစ်ကြောင်း လန်ဒန်ဆရာတော်က မိန့်ကြားသည်။

 

သန္တိသုခကျောင်းတိုက် အရေးနှင့် ပတ်သက်၍ လန်ဒန် ဆရာတော် ဦးတ္တရတို့ဘက်မှ သံဃာ့မဟာနာယက အဖွဲ့အား တောင်းပန်ပါက သာသနာရေးဝန်ကြီးဌာန အနေဖြင့် အမှုမှရုပ်သိမ်းပေးမည်ဟုလည်း ဆရာတော် ဦးဥတ္တရမှ မီဒီယာများကို ပြောဆိုထားသည်။

 

ဝသန်

The Ladies News

No comments: