Sunday, October 2, 2016

တရုတ်က ဗြဟ္မ ပုတ္တရ မြစ်အပေါ်ပိုင်းကို ပိတ်ပြီး ဆည်ဆောက်


တရုတ်ရဲ့ ရေအားလျှပ်စစ်ထုတ် စီမံကိန်းတခုတရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ အကြီးဆုံး မြစ်ကြီးတခုရဲ့ မြစ်ညာကနေ ရေအားလျှပ်စစ် စီမံကိန်းကြီးတခု စ ဆောက်နေတဲ့ အတွက် ဗြဟ္မ ပုတ္တရ မြစ် ဆီက ရေရရှိမှု ထိခိုက်သွားမယ့် အရေးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ တို့က စိုးရိမ်နေပါတယ်။

အခု စီမံကိန်းကြောင့် ဆည်မြောင်းသစ်တွေ ပေါ်ထွက်လာကာ ရေလွှမ်းမိုးမှုကို ထိန်းချုပ်နိုင်မယ့် အပြင် လျှပ်စစ်ဓါတ်အားလည်း ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့ တရုတ်က ဆိုပါတယ်။

မြစ်အောက်ပိုင်းမှာ ရှိနေတဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် တို့ကတော့ တရုတ်က မြစ်အထက်ပိုင်းမှာပိတ်ပြီး ဆည်ဆောက်တဲ့ အတွက် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြသနာတွေကို စိုးရိမ်ပူပန်နေပါတယ်။

ဒီ မြစ်ဟာ အထက်ပိုင်းမှာ Yarlung Zangbo အမည်နဲ့ တိဗက်ကနေ စ စီးဆင်းပြီး အောက်ပိုင်းမှာ ဗြဟ္မ ပုတ္တရ မြစ်အဖြစ် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဖက်ကို စီးဝင်တာ ဖြစ်ပါတယ်။

BBC Burmese

No comments: