Sunday, October 2, 2016

  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အရေးယူနိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်



အင်းဝအပ်ချုပ်ဆိုင်အမှုမှာ ၀င်ရောက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်တွေရဲ့ တင်ပြချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြထားပြီး ဆက်လက်အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

 ကော်မရှင်ရဲ့ တင်ပြချက်ကို ရရှိထားပြီးဖြစ်တဲ့အတွက် အခု ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ထားတယ်လို့ ဆိုပါတယ်။

 အဲဒီနောက်မှာ ဥပဒေအရစိစစ်ပြီး ဆက်လက်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး(၂)ဦး နှိပ်စက်ခံရမှုမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ငွေကျပ်သိန်း (၅၀)နဲ့ နှစ်ဘက်ပြေလည်အောင် ကြားဝင်ညှိနှိုင်းခဲ့တဲ့အပေါ် ဆက်လက်အရေးယူပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပါတယ်။

 ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင်အချို့ကို အရေးယူပေးဖို့ တင်ပြခဲ့ရာ သဘောတူကြောင်း ဆုံးဖြတ်ခဲ့တဲ့အတွက် အခုလို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

5 Plus News

No comments: