Friday, October 14, 2016

စစ်တွေနှင့် တခြားမြို့နယ်များ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိ



အောက်တိုဘာ ၁၄၊ DMG

မောင်တောမြိုနယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်မျိုး ရခိုင်ပြည်နယ်ရှိ တခြားမြို့နယ်များတွင် မဖြစ်ပေါ်ရေးအတွက် လုံခြုံးရေးကို ၂၄ နာရီပတ်လုံး ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များမှပြောသည်။

မောင်တောနှင့်ရသေ့တောင့် မြို့နယ်များရှိ လုံခြုံရေးရဲကင်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နားချိန်မရှီဘဲ ၂၄ နာရီ ထမ်းဆောင်နေကြောင်းသိရသည်။

အင်တာနက်ဖေ့ဘုတ် စာမျက်နှာများတွင် ပြသာနာကိုကြီးထွားစေရန် ကောလဟာလ ဖြန့်ဝေမှုများကြောင့် ပြည်သူများကြား စိုးရိမ်မှုများမြှင့်တက်မှုများ ရှိကြကြောင်း စစ်တွေဒေသခံများက ပြောသည်။

"၂၀၁၂ တုန်းကလည်း လုံခြုံရေးမထိန်းနိုင်လို့ ကျွန်တော်တို့ ရခိုင်တွေ သေခဲ့ရပြီးပြီ၊ ထွက်ပြေးခဲ့ကြရပြီ၊ အစိုးရ အနေနဲ့တော့ ကျွန်တော်တို့ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးစေချင်တယ်"ဟု စစ်တွေမြို့ မောလိပ်ရပ်ကွပ်မှ ကိုမောင်မောင်စိုးမှပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့အပါအဝင် မြိုနယ်များတွင် လုံခြုံရေးအင်အား ပြည့်ဝစွာ ချထားပြီး ဆောင်ရွက်နေသည့်အတွက် စိုးရိမ်မှုများ မဖြစ်ပေါ်ကြရန် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ပြောကြားခဲ့သည်။

မြင့်မြတ်ဖြူ
ဓါတ်ပုံ ဖိုးသီဟ
Development Media Group

No comments: