ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ယနေ့(အောက်တိုဘာ ၁၅ ရက်) မွန်းလွဲပိုင်းက မြိုတိုင်းရင်းသားတစ်ဦးကို အကြမ်းဖက်သမားများက သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ကြောင်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးတာဝန်ဆောင်ရွက်နေသော ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
"မောင်တော ကန်သာယာမြိုတိုင်းရင်းသားကျေးရွာက ရွာသားတစ်ဦး နွားကျောင်းထွက်လာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိခဲ့ပါတယ်။ မောင်တောဆေးရုံကို သယ်လာပါပြီ"ဟု အမှတ်(၃၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီး သက်ကိုကိုက အတည်ပြုပြောကြားသည်။
သေနတ်ပစ်ခတ်ခံရသူမှာ ကန်သာယာ အထက်ကျေးရွာမှဖြစ်ပြီး စာသင်နေသည့်အတွက် ကျောင်းဆရာဟု သာအများက ခေါ်ကြကြောင်း မွန်းတည့် ၁၂ နာရီခန့်က နွားကျောင်းထွက်စဉ် သေနတ်ဖြင့် အဝေးမှပစ်ခတ်သဖြင့် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။
ဒဏ်ရာရရှိခဲ့သည့် မြိုတိုင်းရင်းသားကို မောင်တောဆေးရုံသို့ တင်ပို့ဆေးကုသပေးလျက်ရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။
No comments:
Post a Comment