ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Duty Free (အခွန်ကင်းလွတ်ခွင့်ရ) ဆိုင်ခန်း ၄၀ ကျော်ကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အဲဒီထဲမှာ ကမ္ဘာကျော် အမှတ်တံဆိပ် Brand ထုတ်ကုန် ဆိုင်ခန်း ၃၀ ကျော် ပါဝင်နေပါတယ်။
အခုလို ကမ္ဘာ့အဆင့်မီ Duty Free ဆိုင်ခန်းတွေ ဖွင့်လှစ်ဖို့ Royal Golden Sky ကုမ္ပဏီ(RGS)နဲ့ Singapore Myanmar Investco (SMI) လီမိတက်တို့ ပူးပေါင်းပြီး အကောက်ခွန်လွတ် ကုန်သွယ်ရေးနဲ့ လက်လီအရောင်းဆိုင်တွေအတွက် ကုန်စည်ရောင်းချပေးခြင်း၊ ပံ့ပိုးခြင်းနဲ့ အကြံပြုခြင်းဆိုင်ရာ ဝန်ဆောင်မှုတွေ ပြုလုပ်ဖို့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့တာပါ။ ဒါ့အပြင် SMI ဟာ နိုင်ငံတကာက နိုင်ငံတကာ ကုမ္ပဏီပေါင်း ၃၀ ကျော်နဲ့ သဘောတူစာချုပ်ချုပ်ဆိုထိုးခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အရင်က ခရီးသွား ၂.၇ သန်းကိုသာ ဝန်ဆောင်မှုပေးနိုင်ပြီး Terminal အသစ်ဖွင့်လှစ်ပြီးနောက်မှာ ခရီးသည် ၆ သန်းကျော်အတွက် ဝန်ဆောင်မှုပေါ်နိုင်ပြီ ဖြစ်ပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ Duty Free ဆိုင်ခန်း ၄၀ ကျော်မှာ အလှကုန်၊ ရေမွှေး၊ နေကာမျက်မှန်၊ ဝိုင်၊ ယမကာ စတဲ့ အကောင်းစားထုတ်ကုန်ပစ္စည်းတွေနဲ့ Coach, Etienne, Aigner, Furla, Samsonite, Armani Collezioni, Bally, Lacoste, Pandora, Diesel, Charles & Keith, Dunhill, Love Moschino, Versace စတဲ့ ကမ္ဘာကျော် Brand ထုတ်ကုန်တွေရောင်းချတဲ့ ဆိုင်ခန်း ၃၀ ကျော် ပါဝင်ပြီး ခုလို ဆိုင်ခန်းတွေ ဖွင့်လှစ်နိုင်တာကြောင့် အလုပ်အကိုင် အခွင့်အလမ်း ၄၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
No comments:
Post a Comment