Wednesday, October 5, 2016

ဆီဘောက်ဆာယာဉ်ဖြင့် တရားမဝင်ကျွန်းသစ်များ သယ်ဆောင်လာသူများအား အရေးယူ

 


နေပြည်တော် အောက်တိုဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က သင်တောကျေးရွာ ရန်ကုန်-ပြည်ကားလမ်းပေါ်ရှိ မက်စ်မြန်မာ တိုးဂိတ်၌ သွားရောက်စောင့်ဆိုင်းနေစဉ် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ တွံတေး မြို့နယ် အဝတ်တန်းစာဖြူစုကျေးရွာနေ လေးမောင်(၂၇နှစ်) မောင်းနှင်ပြီး လှိုင် သာယာမြို့နယ်နေ ပြည့်ဖြိုးလွင်(၂၁နှစ်)လိုက်ပါလာသည့်YGN 6B/ ---- ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ တိုးဂိတ်နှင့် လေးဖာလုံ ခန့်အကွာ Petro-7 စက်သုံးဆီ အရောင်းဆိုင်ရှေ့၌ ယာဉ်ကို ရပ်တန့်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ထွက်ပြေးသွားခဲ့ကြသည်။ ၄င်းတို့အား လိုက်လံဖမ်းဆီးရာ လေးမောင်က အရိုးအသွား ရှစ်လက်မခန့်ရှိ ဓားဖြင့် ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဝဲလက်ဖျံ တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာများ ရရှိကာ ၄င်းတို့နှစ်ဦးအား လက်ရဖမ်းဆီး ရမိခဲ့သည်။

ဆက်လက်၍ ယာဉ်ကိုရှာဖွေရာ ယာဉ်ရှေ့ခန်းအတွင်းမှ အရိုးအသွား ၁၈ လက်မခန့်ရှိ ရဲဒင်းတစ်လက်နှင့် ဓားမြှောင် တစ်ချောင်း၊ ဆီဘောက်ဆာအတွင်းမှ ကျွန်းသစ်ခွဲသား သုံးတန်တို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် ၄င်တို့အား သက်ဆိုင် ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကိုရဲ
MOI Webportal Myanmar

No comments: