Tuesday, October 4, 2016

ကာရာအိုကေ မဆိုရသဖြင့် ဆဲဆိုရမ်းကားခဲ့သည်ဆိုသော လွှတ်တော်အမတ်အမှုဖွင့်ခံရ


အမှုဖွင့်ခံရသော လွှတ်တော်အမတ်က အဆိုပါမိုတယ်နှင့်ပတ်သက်၍ တိုင်ကြားမှုများရှိခြင်းကြောင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆဲဆိုရမ်းကားမှုမပြုလုပ်ဟုငြင်းဆို

ကာရာအိုကေသီဆိုရန် လာရောက်သည်ကို ခွင့်မပြုခဲ့၍၀န်ထမ်းများအား ဆဲဆိုကြိမ်း မောင်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အခြားပုဂ္ဂိုလ် နှစ်ဦးကို ရွှေပြည်သာမြို့နယ် ရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြောင်း သတင်းရရှိသည်။

အမှုဖွင့်ခံရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းနှင့် အမျိုးသားနှစ်ဦးသည် အောက်တိုဘာ ၁ ရက် ညပိုင်း တွင် Motel Shwe Pyi Thar ကေတီဗီဆိုင်သို့ လာရောက်ပြီး သီချင်းဆိုရန် တံခါးဖွင့်ခိုင်းစဉ် မဖွင့်ပေး၍ ၀န်ထမ်းများနှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့တွေ မိုတယ်မှာလာ ပြီး ကေတီဗီအခန်းရှိလားမေးပြီး တံခါးဖွင့်ခိုင်းတယ်။ မိုတယ်က တာဝန်ရှိသူတွေကလည်း ကေတီဗီ ဆိုင်မရှိဘူးလို့ ပြောရာကနေ စဖြစ် တာပါ။ ၀န်ထမ်းတွေကိုဆဲဆိုပြီး မှန်တံခါးကိုလက်သီးနဲ့ ထိုးတာ တွေ လုပ်ပါတယ်။ လုံခြုံရေးကင်မ ရာမှာ ရိုက်ထားတဲ့မှတ်တမ်းတွေကိုလည်း စစ်ဆေးနေပါတယ်’’ဟု ၎င်းကပြောသည်။

ရန်ဖြစ်စကားများချိန်တွင် ရွှေပြည်သာမြို့နယ် ပြည်သူလွှတ် တော်အမတ် ဦးဉာဏ်လင်းနှင့် အတူ အမျိုးသားနှစ်ဦးလည်း ပါဝင်ပြီး ၎င်းတို့သုံးဦးစလုံး အရက်သေစာသောက်စားထားသည်ဟု ဟိုတယ်မန်နေဂျာ  အမျိုးသမီးက တိုင်ကြားထားကြောင်း ရွှေပြည်သာရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သူတို့အဖွဲ့တွေ ရန်ဖြစ် တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီးခေါ်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးကလည်း သူတို့ တွေက လူကြီးလူကောင်းတွေ တံခါးဖွင့်ပေးလိုက်ပါ ပြောတော့ ပြန်ဖွင့်ပေးပါတယ်။ ပြီးတော့ အခု ဆဲဆိုရမ်းကားတဲ့အတွက် ရဲစခန်းမှာအမှုလာဖွင့်တာပါ’’ဟု ၎င်းရဲအရာရှိက ပြောသည်။

အဆိုပါ မိုတယ်တွင် ယခင် က ကေတီဗီစက်များ တပ်ဆင်ထားသော်လည်း စက်ပစ္စည်းများပျက်နေ၍ ပိတ်ထားသည်မှာ ကြာမြင့်ပြီဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါမိုတယ်နှင့်ပတ်သက် ၍ အသက်(၁၃)နှစ်၊ (၁၄)နှစ်၊ (၁၅)နှစ်အရွယ်မိန်းကလေးများ သွားလာမှု၊ ညအိပ်မှု၊ မူးရူးမှုအချို့ ရှိသည်ဟု တိုင်ကြားမှုအချို့ လွန်ခဲ့သည့် သုံး၊ လေးလကပင် ရှိခဲ့သော်လည်း ယခုမှ ညပိုင်းကွင်းဆင်း သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်ဟု ကာယကံရှင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းက ပြောသည်။

‘‘ကျွန်တော်က ရွှေပြည်သာ မြို့နယ် ဘာသာပေါင်းစုံဥက္ကဋ္ဌ ပေါ့။ သူ့ကို အဲဒီမှာတော့ အဲဒီလို သတင်းရတယ်ပေါ့။ သာမန်ပြည် သူတစ်ယောက်အနေနဲ့ သူတို့က မိုတယ်ဆိုတော့ ဘယ်သူဝင်ဝင် ရ တယ်လေ။ သူ့ကိုခေါ်ပြီး အဝင်အ ထွက်တွေ ကြည့်ပြီးတော့ သူများ ပြောတဲ့အတိုင်း ဟုတ်၊ မဟုတ်ကို ကြည့်ချင်တယ်ပေါ့။ မသွားခင်မှာ ကျွန်တော်က အထွေထွေအုပ်ချုပ် ရေးမှူးလည်း ဖုန်းဆက်တယ်။ ရွှေ ပြည်သာစခန်းမှူးလည်း ဖုန်းဆက် တယ်။ နှစ်ယောက်စလုံးနဲ့အဆက် အသွယ်ရတယ်။ နောက် မြို့နယ် ရဲတပ်ဖွဲ့မှူးကတော့ မရဘူး။ အဲဒါ လုပ်ပြီး ကျွန်တော်တို့ သွားတဲ့အခါ ကျတော့၊ ဝင်တဲ့အခါကျတော့ ဘာသာပေါင်းစုံဥက္ကဋ္ဌက ပြော တယ်။ တံခါးကို ဖွင့်မပေးဘူး။ အဲဒီမှာ လောင်းကစားတွေပဲ လုပ် လား၊ မူးယစ်ဆေးဝါးတွေပဲ လုပ် လား၊ ကလေးတွေပဲ ဟိုဒင်းဖြစ် နေလား ကျွန်တော်တို့လည်း မသိ တော့ပေါ့။ အဲဒီမှာ မကြာခင်မှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ရောက်ချလာပြီးတော့ အဲဒီမှာ တံခါးဖွင့်ပေးတယ်။ ကျွန် တော်တို့ ဝင်တယ်။ ဝင်ပြီးတဲ့အ ချိန်မှာတင် မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ စခန်းမှူး ရောက်လာတယ်။ သူ တို့ကို ကျွန်တော်တို့ ကြိုလည်း ပြောပြီးသား။ သူတို့ စစ်တယ်၊ ဆေးတယ်ပေါ့။ စစ်တယ်၊ ဆေး တာကလည်း အပေါ်ခန်းတွေ၊ ဘာ တွေလည်း မလုပ်ပါဘူး။ အဲဒီနား မှာတင် မေးကြတာ။ မေးပြီး ကျွန် တော်တို့ ပြန်လာတယ်။ ဒါပဲ’’ဟု ဦးဉာဏ်လင်းက ပြောသည်။

ဆက်လက်၍ ကာယကံရှင် က ဟိုတယ်အတွင်း လက်သီးဖြင့် ထိုးခြင်း၊ ရမ်းကားခြင်းများလည်း လုံးဝ မလုပ်ခဲ့ကြောင်း ဆိုသည်။

‘‘ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းစစ်ဆေးနေတုန်း ပါ။ အပြင်မှာ ပြောနေသလိုတော့ ထွက်ပေါ်လာတဲ့ စကားတွေကို အတည်ပြုလို့ မရသေးပါဘူး။ အမှုကလည်း အခုချိန်ထိ စစ်နေတုန်းဖြစ်တဲ့အတွက် ဘာမှအတည်ပြု ပြောလို့ မရသေးပါဘူး’’ဟု ဦးဉာဏ်လင်းက မိုတယ်သို့ မသွားမီ ဖုန်းဆက်ခဲ့သည်မှာ မှန်၊ မမှန်7Day Daily ၏ မေးမြန်းမှုကို ရွှေပြည်သာရဲစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ပြန်လည်ဖြေကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ‘‘လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် အထူးအခွင့်အရေး ကင်းလွတ်ခွင့် ခံစားခွင့်မရှိပါဘူး။အဲဒီတော့ သူ့ကိုဥပဒေကြောင်းအရစွဲဆိုရင် ဥပဒေကြောင်းအရ ခိုင်လုံတဲ့ သက်သေ၊ အထောက်အထား အဲဒါတွေနဲ့ ပြန်ဖြေရှင်းဖို့  သူ့မှာတာဝန်ရှိပါတယ်။ အဲဒီလိုအချိန်မှာ ကျွန်တော်တို့ပါတီက တစ်စုံတစ်ရာ ဝင်ရောက်ပြီးတော့ တရားစီရင်ရေးကို တိမ်းစောင်းဖို့ လုံးဝမလုပ်ပါဘူး။ အကယ်၍ သူက ပြစ်မှုထင်ရှားရှိခဲ့တယ်ဆိုရင် ကျွန်တော်တို့ ပါတီစည်းကမ်းထိန်းသိမ်း ရေးက ထပ်ပြီးတော့ အရေးယူပါမယ်။ မှန်ကန်ခဲ့တယ်ဆိုရင် ဥပဒေကြောင်းအရ အပြစ်ပေးတာကို လည်း သာမန်နိုင်ငံသားတွေလိုပဲ ခံယူရပါမယ်။ တစ်စုံတစ်ရာ သက်ညှာခွင့် မရှိပါဘူး’’ဟု 7Day Daily သို့ ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဉာဏ်လင်းအပါအ၀င် သုံး ဦးကိုရွှေပြည်သာမြို့မရဲစခန်း တွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေး နေကြောင်း သိရသည်။

Share4

No comments: