၈-၁၀-၂၀၁၆ မနက် အာရုဏ်တက်(၃း၄၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၆)ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း လမ်းကွေ့နားမှာ Mark II အမျိုးအစား ကားတစ်စီး အရှိန်လွန် မောင်းပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိ ခဲ့ပါတယ်။
ဝင်တိုက်ရာက တစ်ဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကားရဲ့ အစိတ်အပိုင်း တော်တော်များ မီးလောင်ကျွမ်းခဲ့ပါတယ်။
မရမ်းကုန်း မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး လာရောက်ငြိမ်းသတ်ခဲ့ကြပြီး အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း (ERSSDO)မှလဲ လူနာတင်ယာဉ်(၂)စီး နဲ့ မီးငြိမ်းသတ်ရေး အထောက်အကူပြု ရေသယ်ယာဉ် (၁)စီး တို့ လိုအပ်ပါက အသင့်ကူညီနိုင်ဖို့ ထွက်ခွာခဲ့ကြ ပါတယ်။
မီးလောင်သွားတဲ့ ကားပေါ်မှာပါလာတဲ့ ဒဏ်ရာရ အမျိုးသား(၂)ဦး (မစိုးရိမ်ရ) ကို မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါတယ်။
Zwe Yan Naing




No comments:
Post a Comment