Monday, October 17, 2016

ခံတွင်း အနံ့ဆိုးခြင်းကို တစ်ညတည်းနဲ့ သက်သာ လျော့ပါးစေသည်ဆိုသည့် ဂျပန် နံပါတ် တစ်၊ သွားတိုက်ဆေးကို မြန်မာနိုင်ငံမှာ ဝယ်ယူရရှိနိုင်

တစ်ခါသုံးစွဲရုံနဲ့ ခံတွင်းအနံ့ဆိုးခြင်းကို သိသိသာသာလျော့ပါးစေမယ်လို့ ဆိုထားတဲ့ ဂျပန်နိုင်ငံရဲ့ ရောင်းအား အကောင်းဆုံး သွားတိုက်ဆေးကို မြန်မာနိုင်ငံမှာလည်း ဝယ်ယူရရှိနိုင်နေပြီလို့ ယင်းသွားတိုက်ဆေး ကုမ္ပဏီရဲ့ ကြေညာချက်အရ သိရပါတယ်။ 

မနက်ခင်းမှာ ခံတွင်းအနံ့ဆိုးတွေထွက်ပေါ်ရတာဟာ ညဘက်ဖြစ်ပွားတဲ့ ဘက်တီးရီးယားတွေ၊ သွားပိုးပေါက်တွေနဲ့ အခြား ခံတွင်းရောဂါတွေကြောင့် ဖြစ်ပါတယ်။

Dentiste' သွားတိုက်ဆေးဟာ အဲဒီလို ခံတွင်းအနံ့ဆိုးထွက်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ကာကွယ် ပေးနိုင်တယ်လို့လည်း ဓါတ်ခွဲခန်းရလဒ်တွေကဆိုထားပြီး သွားဆရာဝန်တွေကလည်း ခံတွင်း အနံ့ဆိုးနဲ့ ပတ်သက်ရင် Dentiste' သွားတိုက်ဆေးကို သုံးစွဲဖို့ ပိုမိုထောက်ခံတယ်လို့ ယင်းသွားတိုက်ဆေးက ကြော်ငြာ ထားပါတယ်။

လက်တွေ့စမ်းသပ်ချက်တွေအရလည်း ညအိပ်ရာဝင်ချိန်မှာ Dentiste' သွားတိုက်ဆေးနဲ့တိုက်ပြီး အိပ်တဲ့ သူတွေရဲ့ ၉၃ ရာခိုင်နှုန်းဟာ နောက်တစ်နေ့မနက်မှာ ခံတွင်း အနံ့ဆိုးခြင်း သိသိသာသာ လျော့ပါးသွားတာကို တွေ့ရှိထားရပါတယ်။

ဂျပန်မှာသာမက တောင်ကိုရီးယားနဲ့ ထိုင်းတို့မှာပါ ရောင်းအား အကောင်းဆုံး သွားတိုက်ဆေး တစ်ခုအဖြစ် ရပ်တည်နေနိုင်တဲ့ Dentiste' သွားတိုက်ဆေးကို မြန်မာနိုင်ငံရှိ စူပါမားကတ်တွေနဲ့ ဈေးဆိုင်တွေမှာ ဝယ်ယူ ရရှိ နိုင်နေပါပြီ။

No comments: