Tuesday, October 4, 2016

အာတိတ်ပင်လယ်က ရေခဲတွေ ထင်ထားတာထက် အရည်ပျော်မှု မြန်ဆန်နေ


အာတိတ်ပင်လယ်က ရေခဲပြင်တွေဟာ ထင်ထားတာထက် ပိုပြီး မြန်မြန်ဆန်ဆန် ပျော်ကျနေတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအပြောင်းအလဲအတွက် သတိပေးချက်ဖြစ်နေကြောင်း ပညာရှင်တွေက ဆိုပါတယ်။

အဲဒီသတိပေးပြောဆိုချက်ကို ကမ္ဘာ့မိုးလေ၀သအဖွဲ့အဖွဲ့ချုပ် (WMO) က ဖော်ပြခဲ့တာပါ။ ရေခဲပျော်ကျမှုကြောင့် ဖြစ်နိုင်ခြေ အန္တရာယ်တွေကို ဖြေရှင်းနိုင်ဖို့ စူးစမ်းလေ့လာမှုတွေ ပြုလုပ်ကြဖို့လည်း သိပ္ပံပညာရှင်တွေက တောင်းဆိုနေကြပါတယ်။
ကမ္ဘာ့မိုးလေ၀သအဖွဲ့ကြီးက အာတိတ်ဧရိယာမှာ ပြောင်းလဲမှုက လာလတ္တံသောကပ်ဘေးအန္တရာယ်ရဲ့အထောက်အထားဖြစ်ပုံ ပေါ်နေတယ်လို့ ယုံကြည်နေကြပါတယ်။

ကမ္ဘာတစ်ဝန်းက အပူချိန်ကလည်း တိုးလာနေပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စတင်ပြီး ၂၀၁၆ခုနှစ်ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်တယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းကြည့်ခဲ့ကြပါတယ်။
အာတိတ်ဒေသရဲ့သတိပေးချက်က ကမ္ဘာကြီးရဲ့ယေဘုယျပြောင်းလဲမှုထက် နှစ်ဆမြန်နိုင်တယ်လို့ WMOက ဆိုပါတယ်။ ၁၉၇၀ ပြည့်နှစ်တွေကနဲ့ နှိုင်းယှဉ်ရင် အာတိတ်ဒေသရဲ့ရေခဲပြင်ဧရိယာဟာ နွေရာသီမှာ ၄၀ ရာခိုင်နူန်းလောက် ပိုပြီးလျော့နည်းသွားပါပြီ။

WMO အဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူး ပတ်တာရီတာလာစ်က ရာသီဥတုပြောင်းလဲမှုက သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
“ အဲဒီလိုရာသီဥတုအပြောင်းအလဲကြောင့် အချို့တိရစ္ဆာန်မျိုးစိတ်တွေက အခက်အခဲဖြစ်နေကြရပါတယ်၊ ပိုလာဝက်ဝံတွေ၊ အာတိတ်ဖျံတွေနဲ့ အချို့ငှက်တွေအပါအ၀င်ပေါ့” လို့ သူကပြောဆိုခဲ့ပါတယ်။ ငါးဖမ်းလုပ်ငန်းတွေကိုပါ ထိခိုက်မှာဖြစ်ကြောင်း ပတ်တာရီက ဆက်ပြောခဲ့ပါတယ်။

No comments: