Tuesday, October 4, 2016

မြို့နယ် ၆၃ မြို့နယ်မှာ စီမံကိန်းတွေ ဖော်ဆောင်ဖို့ ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀၀ ထောက်ပံ့မယ်


ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူထုဗဟိုပြု စီမံကိန်းတွေ အောင်မြင်ခဲ့တာကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးအတွင်းမှာရှိတဲ့ ၆၃ မြို့နယ်အတွက် နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထောက်ပံ့ဖို့ ကမ္ဘာ့ဘဏ်က ကမ်းလှမ်းခဲ့တယ်လို့ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ပြောကြားလိုက်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေဖြစ်တဲ့ ပျဉ်းမနားမှာ လူထုဗဟိုပြုစီမံကိန်း စတင်အကောင်အထည်ဖော်တဲ့ အခမ်းအနားမှာ ဦးအေးမောင်စိန်က ခုလို ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ငွေကြေးထောက်ပံ့မှုတွေ ရှိနေပြီး လက်ရှိ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ အပြင် အီတလီနိုင်ငံရဲ့ချေးငွေ ယူရို သန်း ၂၀ လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လူထုဗဟိုပြုစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ပထမနှစ် စီမံကိန်းတွေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ခုလို ထောက်ပံ့ဖို့ ကမ်းလှမ်းလာတာပဲ ဖြစ်ပါတယ်။

ကိုသားကြီး (နေပြည်တော်)

Share this:

No comments: