Monday, September 5, 2016

သို့ ဦးဝင်းထိန် အတွင်းရေးမှူးများ အဖွဲ့ NLD(ဗဟို) ---------------


4-9-2016

အကြောင်းအရာ။ ။ပါတီ၏ စည်းလုံး ညီညွှတ်မှုကို ထိန်းသိမ်းပေးပါရန်နှင့် လူကြီးမင်း၏နှုတ်ထွက်စကားကို ပြန်လည်ရုပ်သိမ်းပေးပါရန် အကြံပြု တင်ပြခြင်း။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ လူကြီးမင်းမှ တောင်ကြီးခရိုင်NLDဥက္ကဌ ဦးတင်မောင်တိုးအား လူကြီးမင်းကို ဝေဖန်သည့်အတွက် ခရိုင်ဥက္ကဌတာဝန်မှ နှုတ်မိန့်ဖြင့်ထုတ်ပယ်သည်ဟု လူမှုကွန်ယက်တွင် ပြန့်နှံ ခဲ့ပါသည်။ လူကြီးမင်း၏ နှုတ်ထွက်စကားကြောင့် တောင်ကြီးမြို့နယ်အတွင်း နှင့်ရှမ်းပြည်နယ်အတွင်းရှိ ပါတီဝင်များ စိတ်မချမ်းသာမှုဖြစ်နေရပါသည်။ ဦးတင်မောင်တိုးသည် ရှမ်းပြည်နယ်အတွင်းရှိNLDပါတီဝင် များ၏ စံနမူနာပြပုဂ္ဂိုလ် ဖြစ်သည့်အပြင် ပြည်သူလူထု ယုံကြည်အားကိုးသော ပြည်သူ့ရှေ့တွင် အမှန်တရားဘက်ကရပ်တည်သော သူတယောက်ပင်ဖြစ်ပါသည်။ ယခုဖြစ်စဉ်တွင် လူကြီးမင်း၏ အပြုအမူသည် တရားမျှတမှုမရှိပဲ အာဏာရှင်ဆန်စွာအနိုင်အထက်ပြုမူသည်ဟု ထင်မြင်မိပါသည်။လူကြီးမင်းအနေဖြင့် တရားမျှတစွာ စစ်ဆေးစီရင်ခြင်းမဟုတ်ပဲ ဦးတင်မောင်တိုး၏ဂုဏ်သိက္ခာကို ထိခိုက်အောင် မတရားပြုလုပ်သည် ဟုယူဆပါသည်။ ယခုအခါ လူကြီးမင်း၏လုပ်ရပ်ကြောင့် ပါတီအတွင်း ခေါင်းဆောင်ပိုင်းကို မယုံကြည်မှုမျာ ဖြစ်လာနိုင်ပြီး စည်းလုံးမှုပါ ပြိုကွဲနိုင်အပြင် ပါတီ နှစ်ခြမ်းကွဲနိုင်ချေရှိပါသည်။ ဤလုပ်ရပ်ကြောင့် တခြားသောပါတီများမှလည်း ဝေဖန်မှုများ ကဲ့ရဲ့မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ NLD၏မူဝါဒဖြစ်သော တရားဥပဒေစိုးမိုရေး သည် တချက်အပါအဝင်ဖြစ်သည့်အတွက် လူကြီးမင်း၏လုပ်ရပ်သည် တရားမျှတမှုရှိမရှိ ပြန်လည်ဆန်းစစ်ဖို့လိုအပ်ပါသည်။အကယ်၍ဦးတင်မောင်တိုး ဝေဖန်သော စကားများသည် လူကြီးမင်း၏ဂုဏ်သိက္ခာ ထိခိုက်သည်ဟုယူဆပါက ပါတီ၏စည်းမျဉ်းစဉ်းကမ်းအရသာ အရေးယူသင့်ပါသည်။ ယခုလိုအာဏာရှင်ဆန်သော တချက်လွှတ်အမိန့်မျိုးကို သုးံခြင်းမှာ ဒီမို စံနှုန်းနဲ့ညီညွှတ်မှု မရှိကြောင်း တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်း၏အာဏာရှင်ဆန်စွာ ပြောကြားသော နှုတ်ထွက်စကားအား ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် ပါတီတွင်းစည်းလုံးညီညွှတ်မှု မပြိုကွဲ စေရန် ပါတီ၏ဂုဏ် သိက္ခာကို ထိန်းသိန်းသောအားဖြင့် အာဏာရှင်ဆန်သောအပြုအမူမျိုး ထပ်မံ၍မပြုလုပ်မိစေရန် အကြံပြုတင်ပြပါသည်။ မှတ်ချက်။ ။ဤအကြံပြုချက်သည် NLDပါတီအား မပြိုကွဲစေရန်နှင့်ပါတီအတွင်း အာဏာရှင်ဆန်သော လုပ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန် ရည်ရွယ်ချင်းဖြစ်ပါသည်။ဤအကြံပြုတင်ပြချက်ကို မကြိုက်ပါက ကြိုက်သလို လုပ်ဆောင်နိုင်ပါသည်။

အောင်မြတ်စိုး အတွင်းရေးမှူး(တွဲ) လင်းခေးခရိုင်NLD

Usayarlay Usayarlay

No comments: