Saturday, September 17, 2016

Facebook ပေါ်တွင် အရှက်ရစရာ ဓာတ်ပုံများကို တင်သည့် မိဘများကို သမီးဖြစ်သူ တရားစွဲ

သြစတြီးယားနိုင်ငံ ကာရင်သီရာဒေသမှ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၂၀၀၉ ခုနှစ် မှစတင်၍ သူမ၏ ငယ်စဉ်က ဓာတ်ပုံ ၅၀၀ ကို Facebook တွင်တင်ထားသည့် မိဘနှစ်ဦးအား တရားစွဲဆိုခဲ့သည်။
အဆိုပါ ဓာတ်ပုံများအနက် အချို့ပုံများမှာ သူမ ငယ်စဉ်က ပုံများဖြစ်သည်။ ပုံတချို့တွင် ကလေးဘဝက အလေးစွန့်တတ်အောင် သင်ကြားပေးသည့် ပုံများပင် ပါဝင်နေသည်။
“သူတို့တွေက ရှက်ရကောင်းမှန်းလည်း မသိသလို အကန့်အသတ်လည်း မရှိပါဘူး။ ကလေးတုန်းက အိမ်သာပေါ်ထိုင်နေတာ ဒါမှမဟုတ် ကိုယ်လုံးတီးနဲ့ လှဲနေတဲ့ ပုံတွေကိုလည်း ဂရုမစိုက်ပါဘူး။ အရွယ်ရောက်ပုံ အဆင့်ဆင့်ကို ဓာတ်ပုံရိုက်ထားပြီး လူမှုမီဒီယာပေါ် တင်ပါတယ်” ဟု ဆယ်ကျော်သက်၏ ပြောကြားချက်အတိုင်း The Local က ဖော်ပြခဲ့သည်။
ထို့အပြင် ဆယ်ကျော်သက် မိန်းကလေးက သူမအနေဖြင့် ဓာတ်ပုံများကို မတင်ရန် မိဘများကို တောင်းပန်ခဲ့သော်လည်း အရာမရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
Ref: CNET




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: