Friday, September 16, 2016

ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကုန်သည်ကြီးများအသင်းတွင် မိန့်ခွန်းပြောမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်ကယ်ရီ (reuters)
 ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ကုန်သည်ကြီးများအသင်းက ယနေ့တည်ခင်းမည့် ညစာစားပွဲ၌မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးအလားအလာများကို အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆွေးနွေးမည် ဖြစ်သည်။
စက်တင်ဘာ ၁၅ ရက်ညနေ (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် နံနက်) တွင် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီနှင့် အမေရိကန်ကုန်သည်ကြီးများအသင်းတို့က ညစာစားပွဲကို ၀ါရှင်တန်ရှိ Four Seasons Hotel ၌ တည်ခင်းဧည့်ခံမည်ဖြစ်သည်။ ယခု ညစာစားပွဲသည် မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ထားမှု များမကြာမီ ဖယ်ရှားမည်ဖြစ်ကြောင်း သမ္မတ အိုဘားမားက ကတိပေးပြီးနောက်တစ်ရက်၌ ပြုလုပ်ခြင်းဖြစ်သည်။
ဤညစာ စားပွဲသည် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သော အစိုးရ၏ ဦးစားပေးသည့် အရာများ၊ အမေရိကန်-မြန်မာ စီးပွားရေးဆက်ဆံရေး လက်ရှိအခြေအနေ၊ မြန်မာ့ဖွံ့ဖြိုးမှုကိုအမေရိကန် စီးပွားရေးအသိုက်အ၀န်းက မည် ကဲ့သို့ အကောင်းဆုံးကူညီ ထောက်ပံ့နိုင်မည်နည်း စသည့် အချက်များကို လေ့လာရန် ပြိုင် စံရှား အခွင့်အလမ်းတစ်ရပ်ဖြစ် ကြောင်း ညစာစားပွဲဖိတ်စာ၌ဖော်ပြထားသည်ဟု ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။
အမေရိကန်ဒေါ်လာ ၇,၅၀၀၊ ၁၅,၀၀၀၊ ၂၅,၀၀၀ တန်ကြေး အ မျိုးမျိုးရှိ စပွန်ဆာ ပုံစံများဖြင့် ယင်းညစာစားပွဲတက်ရောက်ခွင့် ကို အမေရိကန်ကုန်သည်ကြီးများ အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး တက်ရောက်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အဖွဲ့ဝင်များကို ဆွေးနွေးရန် အလွတ်သဘော အခွင့်အလမ်းများ ရရှိကြမည်ဟုလည်း ဖော်ပြထားသည်။
 ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၄ ရက် နံနက်က အမေရိကန်သမ္မတ အို ဘားမား၊ ဒုသမ္မတ ဂျိုးဘစ်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ နှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၁၅ ရက် နံနက်တွင် အမေရိကန် သံအမတ်ကြီး မာစီရယ်အပါအ ၀င် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနမှ တာဝန်ရှိသူများနှင့်အ တူ ၀ါရှင်တန်မြို့ရှိ ‘လင်ကွန်း အမှတ် တရဗိမာန်’သို့သွားရောက်လည်ပတ်ခဲ့သည်။ ၀ါရှင်တန်တွင် နှစ်ရက်ကြာ နေထိုင်ပြီးနောက်နယူးယောက်သို့ ခရီးဆက်ကာ (၇၁) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ စက်တင်ဘာ ၁၇ ရက်တွင် ဟား ဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်မည့် The 2016 Harvard Humanitarian of the Year ဆုကို လက်ခံ ရယူရန်ရှိသည်။




မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com

No comments: