အရှိန်မထိန်းနိုင်သောယာဉ် လမ်း၏ဝဲဘက်ရှိ တံတားလက်ရန်းတိုင်အား ဝင်ရောက်တိုက်မိနေပြည်တော် စက်တင်ဘာ ၎
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ်(၂၆၄/၇)နှင့်(၂၆၅/ဝ)ကြားတွင် စက်တင်ဘာ ၃ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန် လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ မ္တလေးဘက်သို့ ရှမ်းပြည်နယ် ရပ်စောက် မြို့နေ ဦးတင့်ဇော်ဦး(၄၁ နှစ်) မောင်းနှင်လာသော CC/----ယာဉ် သည် အရှိန်မထိန်း နိုင်ဘဲ လမ်း၏ဝဲဘက်ရှိ တံတားလက်ရန်းတိုင်ကို ဝင်ရောက်တိုက်မိခဲ့ရာ ယာဉ်ပေါ် ၌ လိုက်ပါလာသည့် တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာနေ ဦးကံမြင့် (၄၁ နှစ်)တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေ ရာ၌ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဦးတင့်ဇော်ဦး တွင် ဒဏ်ရာ များရရှိခဲ့ သဖြင့် ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင့်ဇော်ဦးအား ပေပင်လေး အမြန်လမ်းမကြီး ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ကိုရဲ
MOI Webportal Myanmar
မြစ်ဆုံ media မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း ကျွန်တော်များမြစ်ဆုံ media သည် Likes (၃) သိန်းရှိသော facebook page စာမျက်နှာတွင်အချိန်နဲ့တပြေညီAuto ဖော်ပြနေခြင်း သုံးဆွဲသူ( ၅)သာင်းကျော်ရှိသော သတင်းapk ၌Auto ဖော်ပြနေခြင်း မြစ်ဆုံ media blog ၌ ဝင်ရောက်ကြည့်ရှု့သူ (၁၀)သိန်းကျော်ရှိနေခြင်း ဒါကြောင့်လူကြီးမင်းတို့ရဲ့ကြော်ငြာများ သည်အချိန်တိုအတွင်း အများပြည်သူသိရှိအောင်ကျွန်တော်များ မြစ်ဆုံ media မှတာဝန်ယူဆောင်ရွက်ပေးနေပါပြီ ဆက်သွယ်ရန် myitsonmedia@gmail.com
No comments:
Post a Comment