အိမ်အကူမိန်းကလေးနှစ်ဦးကိုညုင်းပန်း နှိပ်စက်ခဲ့သည့် အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင် သားအမိ ကို လူကုန်တား ဥပဒေဖြင့် အရေးယူရန်အမှုဖွင့်
ရန်ကုန်၊စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတား မြို့နယ်၊ လမ်း၄၀ အပေါ်ဘလောက် ရှိ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် သားအမိ ကို အိမ်အကူမိန်းကလေးနှစ်ဦးအား ညုင်းပန်းနှိပ်စက်မှုဖြင့် လူကုန်ကူး မှုတားဆီးနှိမ်နှင်းရေး ဥပဒေ ဖြင့် စက်တင်ဘာ ၂၀ရက်တွင်ရန်ကုန်တိုင်းလူကုန်ကူးမှုတား ဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့မှတရားလိုပြုလုပ်ကာ အမှုဖွင့်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၆)လူကုန်ကူး မှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲမှုးရဲဝင်းအောင်ကပြောသည်။
အဆိုပါ အိမ်အကူမိန်းကလေးနှစ်ဦးမှာ ၂၀၁၁ခုနှစ် မှ ယင်းအပ်ချုပ်ဆိုင် တွင် စတင်အ လုပ်လုပ်ခဲ့ရာ ၂၀၁၄ခုနှစ်နောက်ပိုင်း တွင် မိသားစုများနှင့်တွေ့ဆုံခွင့်မပေးသည့် အပြင် လုပ်ခလစာ ပေးမှုမရှိသောကြောင့် ပြစ်မှုကျူးလွန်သည့် အပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်ဇာသူနှင့် သူ၏သမီးဖြစ်သူ ဒေါ်သီရိလတ် တို့အား မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်ရေး ဥပဒေ ပုဒ်မ၂၄\၃၂ဖြင့် ကျောက်တံ တားရဲ စခန်းတွင် (ပ)၁၉၃\၂၀၁၆ခုနှစ် ဖြင့် အရေးယူထားကြောင်း သိရသည်။
''အိမ်ဖေါ်ကောင်မလေးနှစ်ယောက်နှိပ်စက်တဲ့အမှု ကို ကျပ်သိန်း၅၀နဲ့ ကျေအေးတယ်ဆိုပြီး လူမှုကွန်ရက်မှာ သတင်းတတ်လာတော့ နေပြည်တော်က ရဲချုပ်က အရေးမယူလို့မရဘူး၊ လူကုန်တား တပ်ဖွဲ့ နဲ့ ပူးပေါင်းအမှုဖွင့် ဆောင်ရွက်ဖို့ ညွှန်ကြားစာ ရောက်လာတယ်၊ဒါကြောင့် ရန်ကုန်တိုင်း ဒေသ ကြီး ရုံးမှာ မနက်က အစည်းဝေးပြု လုပ်ပြီး လူကုန်တား ဥပဒေနဲအရေးယူဖို့ အတွက် နေ့လည်တစ်နာ ရီမှာ ဆုံးဖြတ်ခဲ့တယ်'ဟု ရဲမှုးရဲဝင်းအောင်ကပြောသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေ ပုဒ်မပုဒ်မ၂၄\၃၂ ဖြင့် ပြစ်မှုထင်ရှားပါက အနည်းဆုံး ပြစ်ဒဏ်၁၀နှစ်မှအနှစ်၂၀အထိ ကျခံနိုင်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။ အဆိုပါ မိန်းကလေးငယ် ၂ ဦးမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ရှာဘွား ကျေးရွာအုပ်စု ဖျံရွာချောင်ကျေးရွာမှ မသဇင် အသက် ၁၆ နှစ် နှင့် မစန်းကေခိုင် အသက် ၁၇ နှစ်တို့ဖြစ်ပြီး ယင်း ဆိုင်ပိုင်ရှင်မိသားစုနှိပ်စက်မှုကြောင့် မစန်းကေခိုင်မှာ လက်ချောင်း၁၀ချောင်းနှင့် ညာဘက်လက် မောင်း တို့ ရိုက်ချိုးခံရသဖြင့် လက်ချောင်းများကောက်ကွေးနေကာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေ သည့်ပုံစံ ဖြစ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-Myanmar Now
ဖြိုးဝေအောင်
china.com Myanmar

No comments:
Post a Comment