Saturday, September 17, 2016

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်နိုင်မည့် အရေးပေါ်ဖုန်းစီစဉ်

 ပြည်သူများက လွှတ် တော်ကိုယ်စားလှယ်များထံ တိုင် ကြားစာနှင့် သတင်းများ ပေးပို့နိုင် သည့် ဖုန်းနံပါတ်အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ပြုလုပ်ပေးရန် အဆင်သင့်ရှိ နေကြောင်း Blue Ocean ကုမ္ပဏီ မှ သတင်းရရှိသည်။

အဆိုပါ    အစီအစဉ်ကို ရန်ကုန် တောင်ပိုင်းခရိုင်အတွင်း နေထိုင်သည့် ပြည်သူများအတွက် မိတ်ဆက်ထားပြီး အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် ယင်းအစီအစဉ် လုပ်ဆောင် ပေးရန် အခက်အခဲမရှိကြောင်း Blue Ocean ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

‘‘ကျွန်တော်တို့ဘက်က အ ဆင်သင့်ပဲ။ ဘာအခက်အခဲမှမရှိ ဘူး။ လက်ရှိအချိန်အထိ ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ က လာရောက်ဆက်သွယ်လာ တာမျိုးတော့မရှိသေးဘူး’’ဟု ၎င်း က ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မြို့နယ်များဖြစ် သည့် ဆိပ်ကြီးခနောင်တို၊ တွံ တေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံ ကုန်း၊ ကိုကိုးကျွန်းမြို့နယ်များရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏ အခက်အခဲများ၊ လွှတ်တော်အ မတ်များအား အသိပေးလိုသည့် အကြောင်းအရာများကို Hotline နံပါတ်-၀၁-၂၃၉၉၁၀၈ သို့ ဆက်သွယ်ပြောကြားနိုင်ပြီး ဖုန်း လက်ခံဖြေကြားသည့် ၀န်ထမ်း များက ပြည်သူများ၏ ပြောဆို ချက်များကို မှတ်သားထားကာ လွှတ်တော်ရုံးသို့ ပြန်လည်အစီရင် ခံစာပေးပို့ခြင်းဖြစ်သည်။

အထက်ပါအစီအစဉ်မှတစ် ဆင့် ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များ တိုက်ရိုက် ဖုန်းပြောဆိုခြင်းကို သြဂုတ် ၂၇ ရက်က သုံးနာရီကြာ ပြုလုပ်ခဲ့ သည်။

ပြည်သူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအကြား ချိတ် ဆက်ပေးသော Hotline အစီအ စဉ်ကို ရှေ့ပြေးစီမံချက်အဖြစ် သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင်အ တွက် မိတ်ဆက်ခဲ့ပြီး ယင်းအစီအ စဉ် ထိရောက်မှုရှိပါက ရန်ကုန် တိုင်း၏ ကျန်ခရိုင်သုံးခုအတွက် ဆက်လက်အကောင်အထည် ဖော်လုပ်ဆောင်မည်ဟု Blue Ocean လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်အောင်ဇော် က ပြောကြားထားသည်။

No comments: