ရန်ကုန်မြို့ ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲမှုသည် လာမည့်အောက်တိုဘာမှစ၍ အသွင်ကူးပြောင်းတော့မည်ဖြစ်သည် (ဓာတ်ပုံ − စိုင်းဇော်)
ယခု အောက်တိုဘာတွင် စတင်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင်စနစ်တွင် ဝင်ရောက် ပြေးဆွဲရန် စာရင်းပေးထားမှုမှာ ကုမ္ပဏီရှစ်ခု ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်မှုအာဏာ ပိုင်အဖွဲ့မှ သတင်းရရှိသည်။
‘‘မြန်မာ့စီးပွားရေး ဦးပိုင် ရန်ကုန် ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC)၊မထသ (မြို့တွင်း)၊ (၄၈) ခရီး သည်တင်ယာဉ်လိုင်းမှ ပိုင်ရှင် တချို့နဲ့ မထသမြို့တွင်း ခရိုင်လေးခု စတာတွေက အများပိုင် ကုမ္ပဏီတွေ စတင်လုပ်ဖို့ရှိပါတယ်။ အများပိုင်ကုမ္ပဏီ တည်ထောင်ဖို့နဲ့ ငွေကြေးသက်သေခံ လက်မှတ်တွေအတွက် သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားတယ်’’ ဟု အဆိုပါအဖွဲ့မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။
ရန်ကုန်မြို့တွင်း လေ့လာ တွေ့ရှိချက်များအရ အဓိက လမ်းမကြီး ၂၀ ခုရှိပြီး ယင်းလမ်း များတွင် ပြေးဆွဲရန် အများပိုင် ကုမ္ပဏီများအား ချပေးမည်ဖြစ် သည်။
သတ်မှတ်လမ်းကြောင်း တစ်လျှောက် ယာဉ်လိုင်း တစ် လိုင်းသာထားရှိမည်ဖြစ်ပြီး ရရှိ သော ကုမ္ပဏီယာဉ်လိုင်းက လမ်း ကြောင်း တစ်လျှောက် တာဝန် ယူရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့က စီစဉ်ထားသည်။
အာဏာပိုင်ဖွဲ့၍ ရန်ကုန်မြို့ တွင်း ခရီးသည်တင်ဘတ်စ်ကား ပြေးဆွဲမှုကို ပြန်လည် စိစစ်ရာတွင် လက်ရှိ စီမံအုပ်ချုပ်နေသော မထသကို ဖျက်သိမ်းကာ ယာဉ် လိုင်း ၃၅၈ လိုင်းမှ ယာဉ်လိုင်း ၅၀ အဖြစ်သို့ စုစည်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိပြေးဆွဲမောင်းနှင်နေ သော ကားအဟောင်းများကို နယ်မြို့များသို့ ရောင်းချခွင့် (ခ)လိုင်စင်အဖြစ် ရောင်းချခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
ကားအသစ်ဝယ်ယူရန် လုပ် ငန်းရှင်များအား ဘဏ်များဖြင့် ချိတ်ဆက်ပြီး ဝယ်ယူနိုင်ရေး စီစဉ် ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် ခရီးသည်တင်ယာဉ်လိုင်း အများ ပိုင်ကုမ္ပဏီများတွင် ၂၀၀၆ မော် ဒယ်နှင့်အထက် ဘတ်စ်ကားများ သာ တင်သွင်းပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment