Thursday, May 19, 2016

Samsung Galaxy On7 ကို စတင် ဝယ်ယူနိုင်ပြီ

       Samsung Galaxy On7 ကို Samsung အရောင်းဆိုင်တွေနဲ့ Samsung Myanmar ရဲ့ အွန်လိုင်းစတိုးအသစ်ဖြစ်တဲ့ s-estoremyanmar.com မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။

play

Samsung Galaxy On7 ကို Samsung အရောင်းဆိုင်တွေနဲ့ Samsung Myanmar ရဲ့ အွန်လိုင်းစတိုးအသစ်ဖြစ်တဲ့ s-estoremyanmar.com မှာ စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
“မြန်မာနိုင်ငံက လူငယ်တွေဟာ အချိန်တိုင်း အချိတ်အဆက်မိနေဖို့ အမြဲတမ်း ကြိုးစားပြောင်းလဲလျက်ရှိပါတယ်။ မြန်မာနိုင်ငံက ကျွန်တော်တို့အတွက် အရမ်းကို တန်ဖိုးရှိတဲ့ ဈေးကွက်တစ်ခုဖြစ်ပြီး သုံးစွဲသူတွေကလည်း နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ သူတို့အတွက် ပိုပြီးအကျိုးဖြစ်ထွန်း အသုံးဝင်စေနိုင်မယ့် ထုတ်ကုန်ပစ္စည်းတွေကို လိုအပ်လျက်ရှိပါတယ်။ အခုလို ဒီဂျစ်တယ်ခေတ်ကြီးမှာ လူငယ်တွေဟာ ကိုယ်ပိုင် အရည်အသွေးလက္ခဏာတွေကို ဖန်တီးဖော်ဆောင်နိုင်ဖို့ အလုပ်အကိုင်အသက်မွေးဝမ်းကျောင်း နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်အောင် ကြိုးစားလျက်ရှိပါတယ်။ အသစ်ထွက်ရှိလာတဲ့ Samsung Galaxy On7 က မြန်မာနိုင်ငံက လူငယ်တွေကို ကိုယ်ပိုင်အချိန်နဲ့ အလုပ်အကိုင်နယ်ပယ်ကို တစ်စုတစ်စည်းတည်း လွယ်ကူအဆင်ပြေချောမွေ့စွာ ပေါင်းစပ်နိုင်ရန်အတွက် စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။” လို့ Samsung Myanmar ၏ Head of IM & Channel ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောပါတယ်။
play

အဆိုပါ ဖုန်းအမျိုးအစားကို သားရေ Back Cover ဒီဇိုင်းဖြင့် ဖန်တီးပြုလုပ်ထားတာဖြစ်ပြီး 4G စနစ်စွမ်းဆောင်နိုင်မှုနဲ့အတူ ကြည်လင်ပြတ်သားပြီး ကြည့်ရှုရလွယ်ကူအဆင်ပြေစေရန်ပြုလုပ်ထားတဲ့ ၅.၅” အရွယ်အစားရှိ ကြီးမားတဲ့ HD မျက်နှာပြင်၊ 13 MP နောက်ကင်မရာနဲ့ 5 MP ရှေ့ကင်မရာတို့ပါရှိပါတယ်။
Samsung Galaxy On7 ရဲ့ ထူးခြားချက်တွေကတော့ Selfie ပုံတွေရိုက်ကူးရာမှာလည်း Palm Gesture (လက်ဖဝါးလှုပ်ရှားမှု)ဖြင့် ရိုက်ကူးနိုင်တဲ့အပြင် groufie ကိုလည်း ရိုက်လို့ရမှာပါ။ ဒါ့အပြင် အချိန်နဲ့တပြေးညီ ရိုက်ကူးနိုင်ဖို့ Home Button ကို၂ ချက်ဆက်တိုက်နှိပ်လိုက်ရင် ကင်မရာကို လျင်မြန်စွာဖွင့်နိုင်မယ်လို့လည်း သိရပါတယ်။
play

Dual Sim အမျိုးအစားဖြစ်ပြီး၊ ဖုန်းတွင်း မှတ်ဉာဏ်အား 128 GB အထိ တိုးမြှင့်အသုံးပြုနိုင်တဲ့ memory slot အပြင် 3,000 mAh အရွယ်အစား ဘက်ထရီအားထည့်သွင်းပေးထားတာကြောင့် ပိုမိုကြာရှည်စွာ အသုံးပြုနိုင်မှာပါ။
ဈေးနှုန်းကိုတော့ ကျပ် ၂၂၅, ၀၀၀ ကျပ် သတ်မှတ်ထားပြီး၊ ရွှေရောင်နဲ့ အနက်ရောင် နှစ်မျိုးရရှိနိုင်မှာပါ။ ဒါ့အပြင် စတင်မိတ်ဆက်စဉ်ကာလအတွင်း ဝယ်ယူသူတွေကိုလည်း 16GB Original Samsung Micro SD Card ကို မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားဦးမှာပါ။

No comments: