Saturday, March 19, 2016

ကမ္ဘာ့ စိတ်အချရဆုံးလေကြောင်းလိုင်းတလိုင်းကိုပိုင်ဆိုင်ထားသော U.A.E မှ ဘိုးရင်းလေယာဉ်တစ်စင်း ရုရှားတောင်ပိုင်းတွင်ပျက်ကျ - -

ကမ္ဘာ့ စိတ်အချရဆုံးလေကြောင်းလိုင်းတလိုင်းကိုပိုင်ဆိုင်ထားသော U.A.E မှ ဘိုးရင်းလေယာဉ်တစ်စင်း ရုရှားတောင်ပိုင်းတွင်ပျက်ကျ - - -
      ရေနံကြွယ်ဝလှသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ U.A.E မှ နာမည်ကျော် Emirates လေကြောင်းရဲ့ Sister Airline ဖြစ်သည့် ဘတ်ဂျက်လေကြောင်း FlyDubai မှ ဘိုးရင်း737 လေယာဉ်တစ်စင်းဟာ ယနေ့ မနက်ပိုင်းတွင် ရုရှားနိုင်ငံတောင်ပိုင်း Rostov-on-Don (Росто́в-на-Дону́) မြို့ သို့ ဆင်းသက်စဉ်ပျက်ကျသွားသဖြင့် လေယာဉ်ပေါ်ပါ အမှုထမ်း၊ခရီးသည်စုစုပေါင်း(၆၁ဦး)သေဆုံးသွားပါတယ်။ ယခုကဲ့သို့ လေယာဉ်ပျက်ကျမှု က ငွေကြေးပုံအောအသုံးပြုလျက် ပြည်ပအတတ်ပညာရှင်များကိုမြောက်များစွာအသုံးပြု ထားသည့်UAE နိုင်ငံကိုသာမက ကမ္ဘာ့ လေကြောင်းလောကကိုပါ အံ့အားသင့်တုန်လှုပ်သွားစေခဲ့ပါတယ်။
       ဘဏ္ဍာရေးတောင့်တင်းလှသည့် U.A.E နိုင်ငံဟာ ကမ္ဘာ့ လုံခြုံစိတ်ချရဆုံး လေကြောင်းစာရင်းဝင်သည့်အပြင် ခေတ်အမှီဆုံးလေယာဉ်သစ်များသာအသုံးပြုထားသည့် Emirates လေကြောင်းအပြင် ဘတ်ဂျက်လေကြောင်းအဖြစ် FlyDubai အား ၂၀၀၈ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးတချိန်တည်းလိုလိုမှာပင် FlyDubai အတွက် အမေရိကန်နိုင်ငံအခြေစိုက်ဘိုးရင်းကုမ္မဏီထံမှ Boeing 737 လေယာဉ် (၅၀စင်း)အား US$သန်းပေါင်း၃၇၀၀ကျော်အသုံးပြုလျက် ချက်ခြင်းဝယ်ယူဖြည့်တင်းခဲ့ပါတယ်။
        Emirates လေကြောင်းဟာလည်း ယခုနှစ်သြဂုတ်လပိုင်းတွင် ဒူဘိုင်း-ရန်ကုန် တိုက်ရိုက်ခရီးစဉ်အား နေ့ စဉ်စတင်ပျံသန်းရန်စီစဉ်ထားပါတယ်။ Dr.Myo Tun

No comments: