Wednesday, March 2, 2016

ရန်ကုန်မြို့တွင် ပြုလုပ် မည့် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်မှု လျှောက် လွှာများကိုသာ လက်ရှိအစိုးရက လက်ခံပေးသွားမည်ဖြစ်ပြီး အ ရေအတွက်နှင့် ဆောက်လုပ်ခွင့် နေရာသက်မှတ်ခြင်းတို့ကို အစိုး ရသစ်ကသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် ပြုလုပ် မည့် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်မှု လျှောက် လွှာများကိုသာ လက်ရှိအစိုးရက လက်ခံပေးသွားမည်ဖြစ်ပြီး အ ရေအတွက်နှင့် ဆောက်လုပ်ခွင့် နေရာသက်မှတ်ခြင်းတို့ကို အစိုး ရသစ်ကသာ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအ တွက် ပထမအကြိမ်လုပ်ငန်းအ စည်းအဝေးကို ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြုလုပ်စဉ် ၀န်ကြီးချုပ် ဦးမြင့်ဆွေက လက်ရှိအစိုးရလက်ထက် ဆောင်ရွက်ပေးသွား မည့် အခြေအနေနှင့် ပတ်သက်၍ မဏ္ဍပ်လျှောက်ထားမှုကိုသာလက်ခံပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ယင်းအစည်းအဝေးသို့တက်ရောက်ခဲ့သော မဟာသင်္ကြန် ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်က သင်္ကြန်ပွဲတော်အ တွက် ကြိုတင်ပြင်ဆင်မှုကို အစိုးရသစ် တက်လာမှ လုပ် ဆောင်မည်ဆိုပါက အချိန်အခက် အခဲကြောင့် မလွယ်ကူသဖြင့် ယခုအစိုးရလက်ထက်တွင် လုပ် ဆောင်နိုင်သမျှ ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်ပွဲတော်အတွက် ဦး စီးကော်မတီ တစ်ခုနှင့် လုပ်ငန်း ကော်မတီ ၁၁ ခုကို ဖွဲ့စည်းပေး ထားပြီးဖြစ်ကြောင်း သတင်းရရှိ သည်။

ယခုအစိုးရ လက်ထက်၌ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်လွှာကို လက်ခံပေးသွား မည်ဆိုသော်လည်း စတင်လက်ခံ မည့်ကာလကို မသိရသေး ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘လျှောက်လွှာက ဘယ် တော့ရောင်းမယ်ဆိုတာ ကျွန် တော်တို့ ကိုင်တာ မဟုတ်တော့ မသိဘူး။ ကျွန်တော်တို့ကလာ တင်တာကိုပဲ လက်ခံရမှာ။ လက်ခံတာကိုပဲ ဒီအစိုးရလက်ထက် အတွင်း လုပ်ရမယ်ဆိုတာ လောက်ပဲ သိထားသေးတယ်’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (လမ်းနှင့် တံတား) မှတာဝန် ရှိသူက ဆိုသည်။

၂၀၁၅ က ရန်ကုန်မြို့၌ သင်္ကြန်မဏ္ဍပ်အကြီး ၃၉ ခု၊ အလတ် ၁၃ ခုနှင့် အသေး ၇၈ ခုတို့ကိုဆောက်လုပ်ခွင့်ပေးခဲ့သည်။

No comments: