Monday, March 21, 2016

ရေကူးဝတ်စုံလေးနဲ့ နေပူဆာလှုံနေတဲ့ ဘရစ်တနီစပီးယားစ်

များပြားလှတဲ့ ရှိုးပွဲအစီအစဉ်တွေကြောင့် ဘရစ်တနီတစ်ယောက် အလွန်ပင်ပန်းနေပါပြီ။
play

ဘရစ်တနီတစ်ယောက် တနင်္ဂနွေနေ့က သူမရဲ့ အိမ်မှာ နေပူဆာလှုံနေတဲ့ပုံဖြစ်ပါတယ်။
အဆိုတော် ဘရစ်တနီဟာ ရေကူးဝတ်စုံလေး ဝတ်ပြီး နေပူဆာလှုံနေတဲ့ ပုံလေးကို သူမရဲ့ ပရိသတ်တွေအတွက် မျှဝေလိုက်တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ပေါ့အဆိုကျော်ဟာ ရေကန်ဘေးမှာ ပက်လက်လှန်ပြီး အနားယူနေခဲ့တာပါ။
play

နေပူဆာလှုံပြီးတဲ့နောက် ဘရစ်တနီဟာ သူမရဲ့သား ဂျေဒန်နဲ့ တူမလေး လက်ဇီတို့နဲ့အတူ ဂေါ့ဖ်ရိုက်ခဲ့ပါတယ်။
play

အခုတလော ရှိုးပွဲတွေနဲ့ အလုပ်များနေတဲ့ ဘရစ်တနီဟာ သူမရဲ့ အားလပ်ရက်ကို အပြည့်အဝအနားယူလိုက်တာပါပဲ။
Source & Photos : Daily Mai

No comments: