Saturday, March 19, 2016

လင်းတတို့သည် မျှော်လင့်ချက် နဲ့ အသက်ရှင်ခဲ့ကြသတဲ့ **********************

လင်းတတို့သည် မျှော်လင့်ချက် နဲ့ အသက်ရှင်ခဲ့ကြသတဲ့
*********************************************************
မကြာမီ သမ္မတအသစ် တိုင်းပြည်မှာ နန်းတက်တော့ မည် ။
သမ္မတ ၏ တန်ခိုး ဣဒ္ဓိပါတ် မည်မျှ ရှိမည် ကို မျှော်လင့်နေကြပြီ ။

ယခင် သမ္မတကြီး၏ ၅ နှစ်တာ အတွေအကြုံများ
ဝန်ကြီးချုပ်ဘဝ ၄ နှစ်တာအတွေ့အကြုံများ
စစ်ဖက် အရပ်ဖက် အုပ်ချုပ်ရေး အနှစ် ၅၀ အတွေ့အကြုံ များ မည်သည့်နေရာ မှာ ဆက်လက်အသုံးချ ပေးမည်နည်း မသိရသေးပေ ။
သေချာတာကတော့ သူသိသမျှ သူ့အတတ် သူ့ပညာတွေ တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့တော့ သေချာပေါက် ရပေလိမ့်မည် ။
ယခု သမ္မတသစ် အနေဖြင့် ထိုအခွင့်အရေးများ ဘာမှ မရရှိခဲ့ရှာပါပေ ။
နိုင်ငံရေး သြဇာနည်းပြီး ဒေါ်စုကြည် သူငယ်ချင်း ဆိုတာလိုလို ကားမောင်းပေးသူဆိုတာလိုလို ၊ မင်းသုဝဏ်သား ဦးလွင်သားမက်လောက်သာ သိကြသည် ။

ဦးနေဝင်းတို့သည်လည်းကောင်း၊ ဦးသန်းရွှေတို့ သည်၎င်း တိုင်းပြည်ကို နှစ်ရှည်လများ စီမံ  အုပ်ချုပ်သွားခဲ့သူများ ဖြစ်သည် ။
ယနေ့ စီမံကိန်းများ အားလုံး ဦးနေဝင်း မှသည် ဦးသန်းရွှေ တို့ ဆီထိ လက်ဆင့်ကမ်းသယ်ယူ ဘုပ်ကိုင် ရင်း ပြု ပြင်ပြောင်းလဲခဲ့ကြသည် ။
ထို့ကြောင့်ထိုပုဂ္ဂိုလ်များ နှင့် အနီးကပ် နေခဲ့ သူများ  အဖွဲ့အစည်း များ ထဲ မှာ ပညာများစွာ သင်ယူခဲ့သူများ ရှိပေမည် ။ ရှိလည်း ရှိခဲ့သည် ။

ယနေ့ မကြာမီ သမ္မတ ကြီး ဦးသိန်းစိန် ၄င်း၏ ပါတီဖက်ကို ပြန်သွားတော့မည် ။
ခနော်ခနဲ့ ပါတီ မဟုတ်ပါ ။
လူထု သန်းနဲ့ချီ ထောက်ခံ မှု ရှိသော၊ မြို့နယ်တိုင်းမှာ စားသောက်စရာ ပြည့်စုံသော ပါတီဝင်များ ဖြင့် ဖွဲ့စည်းထားသော ပါတီရုံးများ အခိုင်အခန့် ရှိသော ပါတီ တစ်ခု ဖြစ်သည် ။ ငွေအား ၊ ပစ္စည်းအား ၊ ပညာတတ် အင်အား တောင့်တင်းသော အဖွဲ့ဖြစ်ပေသည် ။
၁၂ သန်း ကျော် ထောက်ခံသော NLD အစိုးရ လုပ် နေချိန်မှာ
၅ သန်းကျော် ထောက်ခံသော ပါတီတစ်ခု မြန်မာပြည်အတွက် ပေါ်ထွန်းတည်နေခြင်း မှာ ဒီမိုကရေစီတိုင်းပြည်အတွက် အားထားစရာ ဖြစ်လာပေမည် ။
အမှန်ဆိုလျှင် NLD USDP တို့ နှင့် အပြိုင် နောက်ထပ်  ညွှန်ပေါင်းပါတီကြီးဖြစ်စေ ၊  အသင်းကြီးတစ်ခု အမှန်တကယ်ပင် လိုနေပေပြီ ။
ဆိုလိုသည် မှာ အာဏာရပါတီ ကို ယခုထက်
ပိုမိုသော အလုပ်များ ဆောက်ရွက်ပေးဖို့
ပြည်သူလူထု ၏ ပညာရေး ကျန်းမာရေး စီးပွားရေး မော်တော်ကား မီးရထား ဆက်သွယ်ရေး စနစ် များ ပိုမိုကောင်းမွန်အောင် လုပ်ပေး ဖို့ တွန်းအားကြီး တစ်ခု ဖြစ်ပေမည် ။

နောက် အစိုးရ အနေဖြင့်
ဒီလောက်တော့ လုပ်ပေးနိုင်ရမည် ။
နေပြည်တော်လို မြို့ကြီးများဖြစ်အောင် အခြား ပြည်နယ် နှင့် တိုင်း မြို့တော်သူ မြို့တော်သား များ ကမျှော်လင့်နေကြပြီ ။
ယခင် ၄ လမ်းသွား မှ ယခု ၈ လမ်းသွား လမ်းမကြီး များစွာ ကိုလည်း မျှော်လင့် နေကြပြီ ။
ယခင် ကုတင် ၂၀၀ မှ ယခု ကုတင် ၅၀၀ ဆေးရုံများ ကို မျှော်လင့်နေကြသည် ။
ယခင် တစ်သိန်းနှစ်သောင်းမှ ယခု ဒေါ် စုကြည်ပြောခဲ့သော လုံလောက်သောလစာ တွက် အနိမ့်ဆုံး လစာငွေ  နှစ်သိန်း လေးသောင်း ကို မျှော်လင့်နေကြပြီ ။
ကချင်တစ်ကျပ် ဗမာတစ်ကျပ် မျှော်လင့်နေကြပြီ ။
ကျန်ပြည်နယ် တွေ မတိုးတက်ချင် နေပါစေ ဒုသမ္မတ၏ ချင်းပြည်နယ်ကို စံပြ တိုးတက်အောင် လက်တွေ့လုပ်ပေးနိုင်လျှင် တော်ပါပြီ ။
သဘာဝဓာတ်ငွေ့ရောင်းရငွေကျောက်စိမ်းရောင်းရငွေ တွေကို ပြည်သူတွေ ခံစား စံစား ရတော့ မည် ဟု ထင်မြင်နေကြပြီ ။
ဖားကန့် မှ တန်ဖိုးမဖြတ် နိုင်သော ကျောက် များ တန်ဖိုး ဖြင်ပင် မြန်မာပြည် နေ့ချင်း ညချင်း လူတစ်ကိုယ် ကားတစ်စီး ၊ တိုက်တစ်လုံး ၊ လစဉ် ဝင်ငွေ ၂၁၆၀၀၀ လောက်တော့ ရလိမ့်မည် ။
( ၃၆၀၀x၃၀= ၁၀၈၀၀၀ ကို ယခင်အစိုးရ ပုံဖော် ထားခဲ့ပြီး ဖြစ်သည် ။)

ကောင်းမွန် မှန်ကန်သော လာဘ်ပေး လာဘ်ယူ မရှိသော အစိုးရ အဖွဲ့ကြီး ဖြစ်လာတော့ မည် ။
ကြီးပွားတော့ မည် ။
ချမ်းသာတော့ မည် ။
အောင်မြင်တော့ မည် ။

လာထား ။
နောက်တစ်ဦး တင်ပြထားတာလေး ဆက်ဖတ်ကြရအောင်

2011-2016
ဒီ ( ၅ ) နှစ် အတွင်း မှာ -
၁။ သမ္မတဦးသိန်းစိန် က လက်နက်ကိုင်အဖွဲ့ ( ၈ ) ဖွဲ့နဲ့ NCA လက်မှတ်ထိုးနိုင်ခဲ့ တယ် ...
ဒေါ်စုဦးဆောင်တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က တစ်နိုင်ငံလုံး သေနတ်သံတိတ်ပြီး ငြိမ်းချမ်း အောင်လုပ်ပေးနို်င်ရမယ် ...

၂။ သမ္မတဦးသိန်းစိန် က သိန်း ၄၀ တန် / ၁၈ သိန်း တန် / ၁၅ သိန်းတန် Sim Card တွေ ကို ၁၅၀၀ ထဲ နဲ့ ရောင်းပေးနိုင်ခဲ့ ပြီး ဖုန်းခေါ် ဆိုခ တွေ ဈေးချ ပေး ခဲ့ တယ် ..
ဒေါ်စုဦးဆောင်တဲ့ ဦးထင်ကျော်အစိုးရ အဖွဲ့ က Sim Card တွေ အလကား ပေးပြီး ဖုန်း ခေါ် ဆိုခကို အခုထက် ဈေးလျှော့ပေးနိုင်ရမယ် ...

၃။ သမ္မတဦးသိန်းစိန် က လူတိုင်း ဝယ် မစီး နို်င် ခဲ့ တဲ့ ကား တွေ ကို သိန်း ၅၀ နဲ့ ၁၀၀ ကြား ဖြစ်အောင် လုပ် ပေး နို်င်ခဲ့ တယ် ...
ဒေါ်စု ဦးဆောင် တဲ့ ဦးထင် ကျော် အစိုးရ အဖွဲ့ က ( ၅ သိန်း နဲ့ ၁၀ သိန်း ကြား လို့ မတောင်း ဆို ဘူး၊ အခွန်လွတ်နီးပါးဈေး ) သိန်း ၃၀ နဲ့ ၅၀ ကြား ဖြစ် အောင် လုပ်ပေး နို်င် ရ မယ် ..

၎။ သမ္မတကြီးဦးသိန်းစိန် က ဝန်ထမ်း တွေ ရဲ့ လ စာ မှာ အနိမ့် ဆုံး အဆင့် တွေကို ၁၂၀၀၀၀ လောက် တိုးပေးနိုင်ခဲ့ ပြီး ပင်စင်လစာ တွေ ကို လဲတိုးပေးနိုင်ခဲ့ တယ် ...
ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော်အစိုးရ အဖွဲ့ က ဝန်ထမ်း တွေ ရဲ့ လစာ ( ၆၀၀၀၀၀ ထိ မတောင်း ဆို ပါ ဘူး ) အနိမ့် ဆုံး အ ဆင့် ကို အခု လက်ရှိကထက်  ၃၀၀၀၀၀ လောက် တော့ တိုးပေး နိုင်ရ မယ် ...

၅။ သမ္မတကြီး ဦးသိန်းစိန် က ဗီယက် နမ် / ကမ္ဘော ဒီးယား / အင်ဒို နီးရှား / လာအို / ထိုင်း / ဖိလစ်ပိုင် စတဲ့ နိုင်ငံ တွေ ကို ဗီဇာ မလို ပဲ သွား နိုင်အောင် လုပ် ပေး ခဲ့ တယ် .. ..
ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုး ရ အဖွဲ့ က ( တကမ္ဘာလုံးကို မတောင်းဆိုပါဘူး ) အာရှတိုက်အတွင်း ဘယ်နိုင်ငံကိုမဆို ဗီဇာမလို ပဲ သွား နိုင် အောင် တော့ လုပ်ပေးနိုင်ရမယ် ..

၆။ သမ္မတ ကြီး ဦးသိန်းစိန် က ( လာမယ့် နှစ် ဆို ရင် ) တက္ကသိုလ် ဝင် တန်း အဆင့် အထိ အခမဲ့ ပညာ သင် လို့ ရအောင် လုပ် ပေး ခဲ့ တယ် ..
ဒေါ်စု ဦး ဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က တက္ကသိုလ် ကောလိပ်  အဆင့်အထိအခမဲ့ ပညာသင်ခွင့် အဆောင်တွေ နေခွင့် ရအောင် လုပ်ပေးနိုင်ရမယ် ..

၇။ သမ္မတ ကြီး ဦးသိန်းစိန် လက်ထက် မှာ ဆေး ရုံ တွေ အားလုံး All FOC ( ဆေးရုံ မှာ ရှိတဲ့ ဆေး ကို အလကား ပေး ပြီး လုံးဝ မရှိတာ ကို အပြင် ဆေး ဆိုင် မှာ ဝယ် ရ တဲ့ စ နစ် ) ကို ၂၀၁၃ ဧ ပြီ လ က စပြီး ကျင့် သုံး နိုင်ခဲ့ တယ် ...
ဒေါ်စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ လက်ထက် မှာ ဆေးရုံ မှာ မရှိ ဖူး ဆိုတဲ့ ဆေး ဆိုတာ ဘယ်သူ မှ မ ကြား ဖူး ရ အောင် လုပ်ပေး နိုင်ရ မယ် ..

၈။ သမ္မတ ကြီး ဦးသိန်းစိန် လက်ထက် မှာ အဆင့်မြင့် မြို့ပတ်ရထား တွေ နဲ့ ရန်ကုန် - မန္တလေး အ ဆင့် မြင့် ရထား တွေ ပြေး ဆွဲ ပေး နိုင်ခဲ့ တယ် ..
ဒေါ် စု ဦးဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ က ( ကျည်ဆန်ရထား တွေ မတောင်း ဆိုပါဘူး ) တနိုင်ငံလုံး အဆင့် မြင့် ရထား တွေ ပြေးဆွဲ နိုင် အောင်လုပ်ပေးနိုင်ရမယ် ..

သမ္မတ ဦး သိန်းစိန် ရဲ့ ၅ နှစ် သက်တမ်း မှာ မြေ ကြမ်းကိုပြုပြင် ထွန်ယက် မျိုး စေ့ချ ရေလောင်း ပေါင်း သင် ပေးခဲ့ လို့ အပင်လေး ဖြစ် မြောက် လာခဲ့ပြီ ...
နောက် သမ္မတ က အခက် အလက် ဝေ ဖြာ စည်ပင် ဖွံ့ထွား ပြီး အဖူး အပွင့် အသီး အရွက် ဝေ ဝေ ဆာ ဆာ ဖြစ်အောင် လုပ်ပေး သင့် ပါတယ် ...
သမ္မတ ဦးသိန်းစိန် ဟာ လူဟောင်း စနစ်ဟောင်း အတွေးအမြင်ဟောင်းတွေ ကြား က နိုင်ငံတကာ ရဲ့ အဖက်ဖက် က ပိတ်ဆို့ စေမှုတွေ (@##$$@) ကြား က မြန်မာနိုင်ငံ ကို ဆွဲထုတ် ပေးရ တာ ဖြစ်တဲ့ အတွက် ရုန်းနိုင် သ လောက် ၀န် မပါ ခဲ့ဘူး ...
အခု စနစ်ဟောင်း တွေ ကနေ လွတ်မြောက် လာပြီ ဖြစ် တဲ့ အတွက် ရုန်းနိုင် သလောက် ၀န်ပါ သင့် တာမို့ ဒေါ်စု ဦး ဆောင် တဲ့ ဦးထင်ကျော် အစိုးရ အဖွဲ့ ဟာ သမ္မ တ ကြီး ဦးသိန်းစိန် အစိုးရ အဖွဲ့ ထက်အနည်းဆုံး ငါးဆ လုပ် ပေး နိုင် ရပါ မယ် ...

တကယ်ကတော့ ဒေါ်စုလို နိုဘယ်ဆုရ ကမ္ဘာ ကျော် ပုဂ္ဂိုလ် လက်ထက် မှာ အဆ ၅၀ လောက် ဖြစ်သင့် တယ် မဟုတ် လား ...? ? ?
ဝိုင်းရံ ပေး မယ့် ကမ္ဘာ့ နိုင်ငံ တွေ က လဲ များ သကိုး ...
ဒါပေမယ့် အများကြီး မတောင်းဆိုပါ ဘူး .. ငါးဆလောက်လေးပါ ပဲ ..
သမ္မတ ကြီး ဦးသိန်းစိန် လုပ်ခဲ့တာ ရဲ့ ၅ ဆ ပဲ ပို ပြီး လက်တွေ့ လုပ်ပြပေးဖို့ တောင်းဆို တာ ပါ ...

သမ္မတကြီးဦးသိန်းစိန်က ဒေါ်စု လို ကမ္ဘာကျော် ပုဂ္ဂိုလ် မဟုတ်တဲ့ / နိုဘယ်ဆု မရတဲ့ ပုဂ္ဂိုလ် ကတောင် ( ၅ ) နှစ် အ တွင်း မှာ ဒါတွေ လုပ်ပေး နိုင်ခဲ့ ရင် ....
ဒေါ်စု လိုအင်မတန်တော် ပြီး ထက်မြတ် တဲ့ တ ကမ္ဘာလုံးက ဦးတိုက် လေးစား ရသောကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်ကြီးလို ပုဂ္ဂိုလ် ကြီး က ကြိုးကိုင်ထိမ်းချုပ်မယ့် ဦးထင်ကျော် အစိုးရ အဖွဲ့ က သမ္မတ ကြီး ဦးသိန်းစိန် ထက် ( ၅ ) ဆ လောက် တော့ ပို လုပ် ပေး နိုင်ရ မှာ ပေါ့ ဗျာ ...
မဟုတ် ဘူး လား ...
မဖြစ် နိုင်တာ ကို တောင်းဆို နေတာ မှ မဟုတ် တာ ...
ဖြစ်မှာပါနော်  ....

#AungKyawSwar
Please share !

No comments: