Friday, March 18, 2016

သမ္မတ ဦးထင်ကျော်ရေးတဲ့ စာအုပ်

သူ့ဖခင် ဆရာကြီးမင်းသုဝဏ်အကြောင်း ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။
play

အမျိုးသားစာဆိုကြီး မင်းသုဝဏ်ရဲ့သားဖြစ်သူ သမ္မတဦးထင်ကျော်ဟာ စာရေးဆရာတစ်ဦးဖြစ်ပြီး ဒလဘန်းကလောင်အမည်နဲ့ စာရေးသားပါတယ်။ ဦးထင်ကျော်ရေးသားတဲ့ စာအုပ်တစ်အုပ်ဟာ အထူးရောင်းကောင်းနေပြီး အခုလရဲ့ လဝက်အတွင်းမှာတင် အုပ်ရေ ၄၀၀ ထိရောင်းချထားရတယ်လို့ နဝဒေးစာပေက ပြောကြားထားကြောင်း 7Day Daily က ဖော်ပြပါတယ်။
play

 " အဘဘဝ၊အဘအကြောင်း တစေ့တစောင့်း" ဆိုတဲ့ အဆိုပါစာအုပ်ဟာ သူ့ဖခင် ဆရာကြီးမင်းသုဝဏ်အကြောင်း ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။ ယခင်ကရေးပြီးသား ဆောင်းပါးတွေကို ပြန်စုထားတာဖြစ်ပြီး စာအုပ်ကို ၂၀၀၉ ခုနှစ်က တစ်ကြိမ်နဲ့ ၂၀၁၃ ခုနှစ်ကတစ်ကြိမ် ထုတ်ဝေထားတာဖြစ်ပါတယ်။
ယခင်က တစ်လမှာ အုပ် ၂၀ ခန့်သာ ရောင်းရပေမဲ့ အခု လဝက်မှာတင် ၄၀၀ ထိ ရောင်းချလာရတာ ဖြစ်တယ်လို့ နဝဒေးစာပေက ပြောကြားထားကြောင်းသိရပါတယ်။
Source: 7Day Daily

No comments: