Friday, March 18, 2016

အမျိုးသမီး ပရိသတ်တစ်ဦးကို စင်ပေါ်ခေါ် အင်္ကျီဆွဲချွတ်ခဲ့တဲ့ မက်ဒေါနား

မက်ဒေါနားက အမျိုးသမီးပရိသတ်တစ်ဦးကို စင်ပေါ်ဖိတ်ခေါ်ပြီး အရှက်ခွဲလိုက်သလိုပါပဲ။
play

ပရိသတ် ထောင်ပေါင်းများစွာရဲ့ရှေ့မှာ မိန်းမငယ်တစ်ဦးကို ရင်သားပေါ်အောင်ထိလုပ်လိုက်တာကတော့ မက်ဒေါနား လွန်လွန်းသွားပြီလို့ လူတွေက ကဲ့ရဲ့ကြပါတယ်။
play

အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ ရော့ကိုကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်ပြီး ခင်ပွန်းဟောင်းဂိုင်းရစ်ချီနဲ့ အမှုဖြစ်နေပြီး စိတ်ရှုပ်နေတဲ့ မက်ဒေါနားဟာ သူမရဲ့ ကမ္ဘာပတ်ဖျော်ဖြေပွဲအချိန်အတွင်း တဖြည်းဖြည်း ပိုပြီး ပေါက်ကရတွေ လုပ်လာပါတယ်။
play

တစ်ခါကလည်း ရှိုးပွဲမှာ ပရိသတ်တစ်ယောက်ရဲ့ အိပ်ဆောင်အရက်ဘူးကို ကောက်မော့ရင်း "ကျွန်မကို တစ်ယောက်ယောက် လုပ်ပါ" လို့ အော်ဟစ်ခဲ့ဖူးပါတယ်။
play

အခုလည်း သြစတြေးလျနိုင်ငံ၊ ဘရစ္စဘန်းမြို့မှာ ပွဲလာပရိသတ်တစ်ဦးကို စင်ပေါ်ဖိတ်ဖော်ပြီး "ရှင်တို့ ရိုက်ချင်တဲ့အရာမျိုး.." လို့ ပြောရင်း ဆွဲချွတ်လိုက်တာပါ။
play

သြစတြေးလျ လူတစ်ယောက်ရဲ့ ခွင့်ပြုချက်မရဘဲ အဲဒီလူကို ထိတွေ့ရင် ပြစ်မှုမြောက်တဲ့အတွက် မက်ဒေါနားတစ်ယောက် အရေးယူခံရမလားလို့ လူတွေ လန့်သွားခဲ့ကြပါသေးတယ်။ ဒါပေမဲ့ အဲဒီကိစ္စအတွက် ဘယ်သူမှ တိုင်ကြားထားခြင်းမရှိဘူးလို့ ကွင်းစ်လန်းရဲတပ်ဖွဲ့က ဆိုပါတယ်။
Source & Photos : Daily M

No comments: