ရှေးကဗမာတွေဟာ ကိုယ့်ထီး ကိုယ့်နန်းနဲ့ 
ကမ္ဘာ့အလယ် ၀င့်ထည်ခန့် ငြားခဲ့စဉ်က
အရာရာမှာ မနိမ့်ကျခဲ့ပါဘူး.... သာဓကပြရရင်
ကျနော့အသက် ၂၀လောက်မှာ တိုင်းရင်းဆေးပညာ
နက္ခတ်ဗေဒပညာနဲ့  ဓါတ်ပညာ လေ့လာဖူးတယ်
လေ့လာတော့ စာကြီးပေကြီးတွေ လေ့လာခွင့်ရခဲ့တယ်
အဲ့အခါမှာ ...ကျနော် အနှစ်သက်ဆုံး တန်ဖိုးအထားရဆုံး
ဓါတ်သဘောသဘာဝကို အကျယ်ဖွင့်တဲ့ စာအုပ်တစ်ဆူရခဲ့တယ်...
ပုဂ္ဂလပညတ် ဓာတ်ကျမ်းလို့ ခေါ်တယ်...
အဘိဓမ္မာ ၇ကျမ်းမှာပါတဲ့
ပုဂ္ဂလပညတ်ကျမ်းထဲက အဆီအနှစ်တွေကိုစုထုတ်ထားတဲ့
မြန်မာ့ ဆေးပညာရဲ့ အထွဋ်အထိပ်ဓါတ်ကျမ်းကြီးပေါ့...
သာမန် တိုင်းရင်းဆေးဆရာတို့  မမြင်ဖူး မဖတ်ဖူးတဲ့ကျမ်း
သိပ်ပြီး အစွမ်းထက်တယ်...
ဒီကျမ်းကိုပြုစုတာက အိုင်ဂလောင်ဆရာကြီးလို့  လူသိများတဲ့
ဂျာနယ်ကျော် ဒေါ်မမလေးရဲ့  ဆရာအရင်းပဲ...
ကျနော် သင်ယူစဉ်အခါက AIDS ရောဂါ ခေတ်စားနေချိန်...
ကမ္ဘာ့ဆေးပညာရှင်တွေရော မြန်မာ့ဆေးပညာရှင်တွေရော
နည်းလမ်းရှာနေကြတဲ့အချိန်
ပုဂ္ဂလပညတ် ဓာတ်ကျမ်းထဲမှာ ရောဂါနာမည်လေးတစ်ခု
သွားတွေ့ တယ်....
" ရာဇယက္ခမနာ" လို့ ခေါ်တယ်
ရောဂါလက္ခဏာရော အဓိပ္ပာယ်ဖွင့်ဆိုချက်ရော AIDS နဲ့ ဆင်တယ်
ဒါနဲ့ ....ကျနော့ဆရာနဲ့ ကျနော် ဆေးဖော်ကြတယ်ပေါ့..
ဝေဒနာရှင်တွေကို ကုသခဲ့တယ်.. ထိရောက်တဲ့အဆင့်ရောက်ခဲ့တယ်
ပြောက်ကင်းအောင် ကျနော်တို့ မကုနိုင်ပေမဲ့
ရောဂါထပ်မတိုးအောင် တားဆီးနိုင်ခဲ့ပါတယ်
သို့ ပေမဲ့....
တိုင်းရင်းဆေးဆိုရင် အထင်မကြီးတဲ့ ကျနော်တို့ လူမျိုးတွေဟာ
ကျနော်တို့ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်ဆီးခဲ့ကြတယ်....
ဒါပေမဲ့...ကျနော်တို့  ဗမာတွေ မညံ့ကြပါဘူး ....
မှတ်ချက် ။ ဤ စာဖြင့် ဆရာဦးဌေးဝင်း -တိုင်းရင်းသမားတော်အား
ဂါရ၀ပြုပါတယ်
ညီသုတ(ပြည်)
No comments:
Post a Comment