မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, March 8, 2016
AA နှင့်ဆက်သွယ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ လူငယ် ခုနစ်ဦးအား မတရားအသင်း ဆက်သွယ်မှုဖြင့် ထပ်မံ အမှုဖွင့် ----- ----- -----
AA နှင့်ဆက်သွယ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်မှ လူငယ် ခုနစ်ဦးအား မတရားအသင်း ဆက်သွယ်မှုဖြင့် ထပ်မံ အမှုဖွင့်
----- ----- -----
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မ ရဲစခန်းတွင် ရက္ခိုင့်တပ်မတော် AA နှင့်ဆက်သွယ်သည်ဟုဆိုကာ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ပေါက်တောမြို့နယ်များမှ လူငယ် ခုနစ်ဦးအား မတရား အသင်း ဆက်သွယ်မူပုဒ်မ ၁၇( ၁) ၊၁၇(၂)တို့ဖြင့် မတ်လ ၇ ရက်နေ့က ထပ်မံ၍ အမှုဖွင့်လိုက်ကြောင်း သိရှိရသည်။
အဆိုပါပုဒ်မများဖြင့် ယခင်က တရားစွဲခံထားရသူ သုံးဆယ်ဦးအထိ
ရှိနေပြီး ယခုအမူဖွင့်ခံရသဖြင့် စုစုပေါင်း ၃၇ ဦးအထိ ကျောက်တော်
ရဲစခန်း အချုပ်တွင် ဖမ်းဆီးထားကြောင်း သိရသည်။
“မနေ့က ခုနစ်ယောက်တိုးလာတော့ စုစုပေါင်း ကျောက်တော်မှာ ပုဒ်မ ၁၇ နဲ့ အမူဖွင့်ခံရသူ ၃၇ ဦးရှိပါပြီ။အခု အမူဖွင့်ခံရတဲ့ လူသစ်တွေကို လာမယ့် ၁၀ ရက်နေ့ ကျောက်တော် တရားရုံးမှာ အမူစစ်မယ်လို့ ရုံးချိန်းထား
တယ်။ လွန်ခဲ့တဲ့ နှစ်ကတည်းက ရှိနေတဲ့ လူဟောင်း ခြောက်ဦး
ကိုတော့ မြောက်ဦးခရိုင်တရားရုံးက မတ် ၁၅ ရက်နေ့ စစ်ဆေးမယ်ဆိုပြီး ရုံးချိန်ထားတယ်။ ကျွန်တော်တို့ရှေ့နေတွေကတော့ အပြစ်မရှိတဲ့သူတွေ အမှန်တကယ် လွတ်မြောက်အောင် ဥပဒေကြောင်းအရ အခမဲ့ အကူအညီတွေပေးနေတယ်” ဟု ကျောက်တော်မြို့မှ အထက်တန်းရှေ့နေ ဦးထွန်းလှက ပြောသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ၂၇ နေ့မှ စ၍ ကျောက်တော်၊ ပလက်ဝ၊ဘူးသီးတောင် စသည့်မြို့နယ်များတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ဆက်စပ်၍ ရက္ခိုင့်တပ်မတော် AA နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ အစိုးရစစ်တပ်က လွန်ခဲ့သောလများက ဖမ်းဆီးစစ်ဆေးခဲ့ကာ ကျောက်တော်မြို့မ ရဲစခန်းတွင်
မတရားအသင်း ဆက်သွယ်မူ ပုဒ်မဖြင့် အမူဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းမှ သိရသည်။
“ရခိုင်ပြည်နယ်တစ်ဝန်းက လူငယ်တွေ ပုဒ်မ ၁၇ နဲ့ အဖမ်းဆီးခံရတာ တိုးလာတယ်။ ၁၆ ယောက်ကိုတော့ အချုပ်ထဲကနေ ပြန်လွတ်ပေးဖူးတယ်။ လွတ်လာတဲ့သူတချို့ဆိုရင် ဆေးရုံမှာ တော်တော် ဆေးကုသ ပေးခဲ့လိုက်ရတယ်။ လူငယ်တချို့ဆိုယင် စစ်တပ်ဖမ်းမှာ ကြောက်ကြတာမို့ ထွက်ပြေးတိမ်းရှောင် နေတာမျိုးတွေ ရှိနေတယ်။
နောက်ဆုံးတော့ ပြည်သူတွေပဲ နစ်နာရတာပဲ” ဟု ကျောက်တော်မြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးအေးစောက ဆိုသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲများသည်
ကျောက်တော်မြို့နယ်ရှိ ပီချောင်း ဒေသတွင် ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ လူငယ် ၆၀
ကျော်ခန့် ဖမ်းဆီးခံခဲ့ရကာ တချို့မှာပြန်လည် လွတ်မြောက်ခဲ့သော်လည်း အများစုမှာ ကျောက်တော်၊ ကျောက်ဖြူ၊ ဘူးသီးတောင် နှင့် စစ်တွေမြိုတို့ရှိ ရဲစခန်းအချုပ်များတွင် ထိန်းသိမ်းခံထားရပြီး တရားရုံးထုတ် စစ်ဆေးလျက်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့မ ရဲစခန်းတွင် မတ်လ ၇ ရက်နေ့က ပုဒ်မ ၁၇ ဖြင့် အမူဖွင့်ခံရသူ လူငယ်များမှာ ဦးထွန်းဝင်း၊
ဦးမင်းမင်းအောင်၊ ဦးဝင်းမြင့်၊ ကိုဇော်လှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ဦးသန်းဝင်းနှင့် ကိုတင်ရွှေတို့ဖြစ်ကြောင်း သိရသည်။
သတင်း - MMK
Photo - arakanarmy
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment