Sunday, December 20, 2015

Miss World 2015 ဖိုင္နယ္ၿပိဳင္ပြဲတြင္ စပိန္ႏုိင္ငံမွပထမဆုဆြတ္ခူး ===================

【ႏိုင္ငံတကာသတင္း】Miss World 2015 ဖိုင္နယ္ၿပိဳင္ပြဲတြင္ စပိန္ႏုိင္ငံမွပထမဆုဆြတ္ခူး
==============================================
၆၅ ႀကိမ္ေျမာက္ Miss World 2015 ဖိုင္နယ္ၿပိဳင္ပြဲႀကီးကို ဒီဇင္ဘာလ ၁၉ရက္ေန႔တြင္ တရုတ္ႏိုင္ငံ ဟိုင္နန္ကၽြန္း စန္ရတြင္ႀကီးက်ယ္ ခမ္းနားစြာက်င္းပခဲ့ကာ ၿပိဳင္ပြဲ၏ရလဒ္မ်ားမွာလည္း ထြက္ေပၚ လာခဲ့ၿပီး ျဖစ္ပါသည္။
.
အဆိုပါၿပိဳင္ပြဲႀကီးတြင္ စပိန္ႏိုင္ငံမွအလွမယ္ Mireia LALAGUNA ROYOက အကဲျဖတ္ဒိုင္မ်ားႏွင့္ ပရိသတ္ႀကီးမ်ား၏အားေပးမွဳေၾကာင့္ ပထမဆုကို ထိုက္တန္စြာဆြတ္ခူးသြားခဲ့ ၿပီးဒုတိယဆုကို ရုရွားႏိုင္ငံမွ အလွမယ္ Sofia Nikitchuk ကလည္းေကာင္း တတိယဆုကို အင္ဒိုနီးရွားႏိုင္ငံမွ အလွမယ္ Maria Harfanti တို႔က အသီးသီးရရွိသြားေၾကာင္း သတင္းရရွိပါတယ္။
.
ယင္း ၆၅ႀကိမ္ေျမာက္ Miss World ၿပိဳင္ပြဲႀကီးကို Miss World Organization ႀကီးမွဴးက်င္းပျခင္းျဖစ္ကာ ႏိုင္ငံေပါင္း ၁၁၄ ႏိုင္ငံမွ ၿပိဳင္ပြဲ၀င္ ၁၁၄ဦးတို႔ပါ၀င္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္ဟုသိရွိရပါတယ္။

Source:
For more news: http://myanmar.china.com

(Unicode)
【နိုင်ငံတကာသတင်း】Miss World 2015 ဖိုင်နယ်ပြိုင်ပွဲတွင် စပိန်နိုင်ငံမှပထမဆုဆွတ်ခူး
==============================================
၆၅ ကြိမ်မြောက် Miss World 2015 ဖိုင်နယ်ပြိုင်ပွဲကြီးကို ဒီဇင်ဘာလ ၁၉ရက်နေ့တွင် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း စန်ရတွင်ကြီးကျယ် ခမ်းနားစွာကျင်းပခဲ့ကာ ပြိုင်ပွဲ၏ရလဒ်များမှာလည်း ထွက်ပေါ် လာခဲ့ပြီး ဖြစ်ပါသည်။
.
အဆိုပါပြိုင်ပွဲကြီးတွင် စပိန်နိုင်ငံမှအလှမယ် Mireia LALAGUNA ROYOက အကဲဖြတ်ဒိုင်များနှင့် ပရိသတ်ကြီးများ၏အားပေးမှုကြောင့် ပထမဆုကို ထိုက်တန်စွာဆွတ်ခူးသွားခဲ့ ပြီးဒုတိယဆုကို ရုရှားနိုင်ငံမှ အလှမယ် Sofia Nikitchuk ကလည်းကောင်း တတိယဆုကို အင်ဒိုနီးရှားနိုင်ငံမှ အလှမယ် Maria Harfanti တို့က အသီးသီးရရှိသွားကြောင်း သတင်းရရှိပါတယ်။
.
ယင်း ၆၅ကြိမ်မြောက် Miss World ပြိုင်ပွဲကြီးကို Miss World Organization ကြီးမှူးကျင်းပခြင်းဖြစ်ကာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၁၄ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါတယ်။
Source:
For more news: http://myanmar.china.com

No comments: