Friday, December 25, 2015

"နေအိမ်ဆောက်လုပ်ရန် သစ်ခွဲနေသူအား KIA အဖွဲ့မှ ဆက်ကြေးငွေ ၃ သိန်း အတင်းအကြပ်ကောက်ခံ"

"နေအိမ်ဆောက်လုပ်ရန် သစ်ခွဲနေသူအား KIA အဖွဲ့မှ ဆက်ကြေးငွေ ၃ သိန်း အတင်းအကြပ်ကောက်ခံ"

ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ မြို့မ(၃)ရပ်ကွက်၌နေထိုင်သည့် ဒေသခံ ရှမ်းနီအမျိုးသားတစ်ဦးအား ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေ ၃ သိန်းကျပ်ကို အတင်းအကြပ်ကောက်ခံ သွားကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကာမိုင်းမြို့၊ မြို့မ(၃)ရပ်ကွက်တွင် နေအိမ်ဆောက်လုပ်ရန်အတွက် လက်လွှဖြင့် သစ်ခွဲနေသူ ဒေသခံ အမျိုးသားတစ်ဦးအား ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIA အဖွဲ့မှ ဆက်ကြေးငွေပေးဆောင်ရန်ပြောဆိုပြီး ငွေ ၃ သိန်းကျပ်ကို အတင်းအကြပ်ကောက်ခံသွားကြောင်း မျက်မြင်မြို့ခံ တစ်ဦးမှ ပြောပြပါသည်။

“ ကျွန်တော်တို့က ရပ်ကွက်ထဲမှာ သာရေး၊ နာရေး၊ လူမှုရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေကြတာပါ၊ အခုလည်း ရပ်ကွက်ထဲမှာ နေအိမ်ဆောက်ဖို့အတွက် လိုအပ်တဲ့သစ်တွေကို လက်လွှနဲ့ သစ်ခွဲနေတာပါ၊ KIA အဖွဲ့တစ်ဖွဲ့ရောက်လာပြီး ကျွန်တော်တို့ကို သစ်ခွဲစိတ်လို့တဲ့ဗျာ၊ ဆက်ကြေးငွေ ၃ သိန်းပေးရမယ် ပြောတယ်၊ တောင်းတဲ့ငွေကို မပေးရင် သစ်ဆက်ခွဲဖို့စိတ်မကူးနဲ့၊ ရှိတဲ့သစ်တွေအကုန်သိမ်းပစ်မယ်၊ လူကိုလည်း ဖမ်းခေါ်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့အဖွဲ့ထဲက အကြီးဆုံးသူ တစ်ယောက်က အဲလိုတော့မလုပ်ပါနဲ့ဗျာ၊ ကျွန်တော်တို့က စီးပွားဖြစ်ရောင်းစားဖို့ သစ်ခွဲတာမဟုတ်ပါဘူး၊ နေအိမ်ဆောက်ချင်လို့ သစ်ခွဲတာပါ၊ သနားသောအားဖြင့် ငွေ ၁၅၀၀၀၀ ကျပ်ကိုပဲ လက်ခံပေးပါလို့ တောင်းပန်ပြီး ပေးလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောပြသည်။

KIA အဖွဲ့သည် ကျေးရွာများတွင်သာမက မြို့ပေါ်ရပ်ကွက်များကိုပါ ဆက်ကြေးငွေများအတင်းအကြပ် ကောက်ခံသည့်အပြင် ဒေသခံလူငယ်များအား မူးယစ်ဆေးဝါးရောင်းချခြင်းနှင့် သုံးစွဲခြင်းများပြုလုပ်နေသည်ဟု စွပ်စွဲ အကြောင်းပြ၍ ဆက်ကြေးငွေများကောက်ခံခြင်း၊ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ မကြာခဏပြု လုပ်နေကြောင်း သိရသည်။

No comments: