ယောက်ျားဖြစ်သူအား မုဒိမ်းမှု ၊ ဇနီးဖြစ်သူအား တစ်လင်တစ်မယားဥပဒေဖြင့် အသီးသီးတရားစွဲဆို
**************************************************************************
ညီတူး ၊ ရန်ကုန်၊ ဒီဇင်ဘာ ၁၈-
မင်္ဂလာဒုံမြို့နယ် တွင် လင်ယောက်ျားဖြစ်သူကို မုဒိမ်းမှုဖြင့် ဇနီးမှ တရားစွဲဆိုထားပြီး ဇနီးဖြစ်သူကို တစ် လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပ ဒေတို့ဖြင့် တရားစွဲဆိုမှုဖြစ်ပွားခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။
အဆိုပါအမှုမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ် လေးထောင့်ကန် ရပ်ကွက် ပြည်တော်ကြီး(၁)လမ်းတွင် နေ ထိုင်ကြသော ဦးxxနှင့်ဒေါ်xxတို့သည် လွန် ခဲ့သော လေးနှစ်ခန့်က အကြင်လင်မယား အဖြစ် တရားဝင် လက်ထပ်ပေါင်းသင်းနေ ထိုင်ခဲ့ကြသူများဖြစ်ကြသည်။
လွန်ခဲ့သောခြောက်လခန့်က လင် ယောက်ျားဖြစ်သူမှာ ဇနီး၏အစ်မဖြစ်သူနှင့် ဖောက်ပြန်နေသည်ဟုဆိုကာ တိုင်တန်းသော ကြောင့် ပြစ်မှုပုဒ်မ၃၇၆/၅၁၁တို့ဖြင့် အင်း စိန်ထောင်အတွင်း စစ်ဆေးထိန်းသိမ်းခံထား ရခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၄ ရက်တွင် လင် ယောက်ျား၏ဖခင်ဖြစ်သူက ¤င်း၏ချွေးမ မှာ တရားဝင်ဇနီးမယားရှိသည့် ရန်ကင်း မြို့နယ်တွင်နေထိုင်သော ဖိုးတုတ်(ခ)ကျော် သူရဆိုသူနှင့် အိမ်ထောင်ရေးဖောက်ပြန် ပေါင်းသင်းနေကြောင်းသိရ၍ ရပ်ကွက်အုပ် ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့်အတူ မင်္ဂလာ ဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ၊ မြရတ နာရပ်ကွက်အတွင်းရှိ ဇနီးဖြစ်သူနေထိုင်ရာ အိမ်သို့ ည ၁၂ နာရီတွင်ဝင်ရောက်ရှာဖွေ ခဲ့ရာ ဖိုးတုတ်(ခ)ကျော်သူရနှင့် လင်မယား အဖြစ် ပေါင်းသင်းနေထိုင်ကြသည်ကို လက် ပူးလက်ကြပ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံရဲစခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးက ''တရားလိုက တိုင်ထား တော့ အမျိုးသမီးနဲ့အတူ အိမ်ထောင်ရေး ဖောက်ပြားတဲ့အမျိုးသားကိုလဲ တစ်လင်တစ် မယားစနစ်ဥပဒေနဲ့ စွဲထားပါတယ်။ သူက လဲ ပြစ်မှုကိုကျူးလွန်ထားတော့ စစ်ဆေး နေရင်းနဲ့ပဲ ရလာတဲ့စစ်ဆေးချက်နဲ့ အမှုပြန် ပြောင်းဖွင့်ချင်ရင်လဲဖွင့်မှာပါ''ဟု ပြောသည်။
ထိုအမှုကို လောလောဆယ်တွင် မစစ်ဆေးနိုင်သေးဘဲ ရမန်ယူထားခြင်းသာ ရှိသေးကြောင်း၊ တရားခံများကိုစစ်ဆေးပြီးမှ ဥပဒေနှင့်အညီ ဥပဒေအကြံ ဉာဏ်တောင်း ခံမည်ဖြစ်ကြောင်း ၄င်းကပြောသည်။
''ဥပဒေကျလာတော့မှပဲ ဘယ် သူ့ကို ဘာအမှုနဲ့စွဲမယ်။ ဘယ်သူ့ကိုတော့ ဘယ်ပုဒ်မနဲ့ဆိုပြီး စွဲမှာပါ။ နှစ်ယောက်စလုံး ကိုတော့ ဖမ်းထားတယ်။ အခုကသက်သေ တွေကို မစစ်ဆေးရသေးပါဘူး''ဟု¤င်းက ပြောသည်။
ယင်းသို့ အိမ်ထောင်ရေးဖောက် ပြန်သော ဖိုးတုတ်(ခ)ကျော်သူရနှင့် ဒေါ်xx တို့အားအရေးယူပေးရန် ဦးသောင်းမြင့်က တရားလိုပြု တိုင်တန်း၍ မင်္ဂလာဒုံရဲစခန်း တွင် (ပ)၄၇၃/၂ဝ၁၅ တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၃ ဖြင့် အမှုဖွင့်ထားပြီး ဒုရဲအုပ်လင်းထွန်းနိုင် က တရားခံများကို ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေပြဋ္ဌာန်းပြီးချိန်မှစ၍ ရန်ကုန်တိုင်း ဒေသကြီးတွင် ယင်းဥပဒေပုဒ်မ ၁၃ ဖြင့် တ ရားစွဲဆိုမှု ၃၅ မှုရှိပြီး ထိုအထဲတွင် အမျိုး သမီးများကို တရားစွဲဆိုမှုခုနစ်မှုရှိကြောင်း သိရသည်။
(Flower News Journal, 11-49)
No comments:
Post a Comment