သေမည့်အချိန်ကို ခန့်မှန်းနိုင်သည့် ဆူပါကွန်ပျူတာတီထွင်
ဘော့စ်တွန်၊ စက်တင်ဘာ ၁၅
လူနာတစ်ဦး သေမည့်အချိန်ကို ၉၅ ရာခိုင်နှုန်းခန့် တိကျစွာခန့်မှန်းပေးနိုင်သော ဆူပါကွန်ပျူတာကို Beth Israel Deaconess Medical Center မှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း Boston Globe သတင်းတွင် ရေးသား ထားသည်။
ယင်းဆူပါကွန်ပျူတာထဲတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်ကတည်းက ရောဂါဝေဒနာရှင် ၂၅၀,၀၀၀ ဦး၏ ဒေတာအချက်အလက်များကိုထည့်သွင်းထားပြီး၊ မြန်နှုန်းမြင့် ကွန်ပျူတာစွမ်းအားဖြင့် ချက်ချင်းခန့်မှန်းအဖြေကို ထုတ်ပေးနိုင်ကြောင်း ယင်းသတင်းကဆိုသည်။
လူနာတစ်ဦးတွင် ခံစားနေရသည့် ဝေဒနာအချက်အလက်များကို အလားတူ ဖြစ်ပေါ်ခဲ့ဖူးသော လူနာနှင့် ဝေဒနာ များအား တိုက်ဆိုင်စစ်ဆေးကာ ချက်ချင်းအဖြေထုတ်ပေးနိုင်သဖြင့် ကြိုတင်ကာကွယ်ကုသရမည့် အချက်များကို စီစဉ်ဆောင်ရွက်နိုင်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ စတိဗ် ဟိုရမ်ကပြောကြားသည်။
ရောဂါအတိမ်အနက်ကိုကြည့်ပြီး ကွန်ပျူတာက သေတော့မည်ဟုလည်းကောင်း၊ နောက်နှစ် ၃၀ အထိ ဘာမှ မဖြစ်သေးဘူး ဟုလည်းကောင်း အဖြေထုတ်ပေးနိုင်ခြင်းမှာ ဆရာဝန်များအတွက် လူနာကို မည်သို့လုပ်ဆောင်ပေး ရမည်ဆိုခြင်းကိုပါ စဉ်းစားစေနိုင်သည်ဟု ယင်းကဆိုသည်။
သေမည့်ရက်ခန့်မှန်းခြင်းကို ဆရာဝန်များသည် ဆူပါကွန်ပျူတာ၊ Google ကုမ္ပဏီကထုတ်လုပ်ထားသည့် Google Glass များဖြင့် စောင့်ကြည့်ပြီး အဖြေရှာသွားမည်ဖြစ်ကာ လူနာအတွက် ယင်းခန့်မှန်းချက်များကို ပေးသိချင်မှ ပေးသိမည်ဟု စတိဗ်ကပြောကြားသည်။
Beth Israel Deaconess Medical Center သည် Google Glass ကို ကုသရေးနှင့်တွဲဘက်ပြီး ပထမဆုံး အသုံးပြုသည့်ဆေးရုံဖြစ်ကြောင်း Boston Globe သတင်းတွင်ရေးသားထားသည်။
★ ★ ★ ★ ★
မူရင်းလင့်
http://www.maukkha.org/index.php/news-menu/international-news-maukkha/8484-2015-10-03-02-12-12
No comments:
Post a Comment