Saturday, December 19, 2015

တူရကီ နဲ့ အစ္စရေး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် မြှင့်တင် မှုတွေ ပြုလုပ်ဖို့ အတွက် အကြို သဘောတူညီ နိုင်ခဲ့ကြပါတယ်။

တူရကီ နဲ့ အစ္စရေး နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် မြှင့်တင် မှုတွေ ပြုလုပ်ဖို့ အတွက် အကြို သဘောတူညီ နိုင်ခဲ့ကြပါတယ်။
ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ လျို့ဝှက် အစည်းအဝေး အတွင်းမှာ ၂ နိုင်ငံ က ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတွေဟာ နားလည်မှု ရယူ နိုင်ခဲ့ကြောင်း အစ္စရေး ဘက်က ပြောပါတယ်။
သဘောတူညီချက် အရ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပါလက်စတိုင်း လွတ်မြောက် ရေး ထောက်ခံသူ တူရကီ နိုင်ငံသားတွေ ဂါဇာ ကမ်းမြှောင် အတွင်းကို ဝင်ရောက်ခဲ့စဉ် အစ္စရေး စစ်တပ်က နှိမ်နှင်း ခဲ့လို့ သေဆုံးခဲ့သူတွေ အတွက် လျော်ကြေး ပေးဖို့ အစ္စရေး က ဆုံးဖြတ် ခဲ့ပါတယ်။
တူရကီ နဲ့ အစ္စရေး နိုင်ငံတို့ သံတမန် ဆက်သွယ်မှုတွေ ပြန်လည် ဆောင်ရွက် နိုင်ဖို့ အတွက် ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း တိုးမြှင့် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း

No comments: