Saturday, December 19, 2015

အစိုးရရုံးများဆောက်ရန်ယူထားသည့် မြေယာများအတွက် လျော်ကြေးပေး ရန် တိုင်းလွှတ်တော်အတည်ပြု

အစိုးရရုံးများဆောက်ရန်ယူထားသည့် မြေယာများအတွက် လျော်ကြေးပေး ရန် တိုင်းလွှတ်တော်အတည်ပြု

ဧရာဝတီတိုင်းဒေသကြီးအတွင်း အစိုးရဌာနဆိုင်ရာ ရုံးများတည်ဆောက်ရန် ရယူထားသည့် မြေများအတွက် သိမ်းယူခံရသူများကို လျော်ကြေးပေးရန် ကျပ် ၃၂ ဒသမ ၆၇၁ သန်းကို ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး ၂/၂၀၁၅ တွင် တင်ပြတောင်းခံခဲ့ရာ အဆိုပါအစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ထံမှ သိရသည်။

၂၀၁၅/၂၀၁၆ ခုနှစ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဖြည့်စွက်ဘဏ္ဍာငွေတင်ပြတောင်းခံရာတွင် ဌာနဆိုင်ရာ ရုံးများဆောက်လုပ်ရန် ရယူထားသည့်မြေများအတွက် လျော်ကြေးပေးရန် ထည့်သွင်းတောင်းခံရခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ဆိုသည်။

လျော်ကြေးပေးရန်တောင်းခံတင်ပြထားသည့်မြေယာများတွင် မအူပင်မြို့နယ်အတွင်း အောင်ဟိတ်ဝါးလုပ်ငန်းစခန်းတည်ဆောက်ရာတွင်အသုံးပြုခဲ့သည့် မြေ၇၇ဒသမ၇၇ဧကအတွက် ကျပ်၂၃ဒသမ၃၃သန်း၊ မအူပင်ခရိုင်စာရင်းစစ်ရုံးဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည့် မြေ ၀ဒသမ၆၉ဧကအတွက် ကျပ်ဝဒသမ၆၉သန်း၊ မအူပင်သစ်တောရုံးအတွက်အသုံးပြုခဲ့သည့် မြေ၀ဒသမ၈၃ဧကအတွက် ကျပ်ဝဒသမ၈၃သန်း၊ မအူပင်ခရိုင်မွေးမြူရေးနှင့်ကုသရေးရုံး မြေ ၀ဒသမ၄၆ဧကအတွက် ကျပ်ဝဒသမ၄၆သန်း၊ မအူပင်ခရိုင်စီမံကိန်းရုံးအတွက်အသုံးပြုခဲ့သည့်မြေ ၀ဒသမ၆၉ဧကအတွက် ကျပ် ၀ ဒသမ၆၉သန်းတို့ပါဝင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြသည့်စာရင်းများတွင်ဖော်ပြပါရှိသည်။

No comments: