Saturday, December 19, 2015

ပိုက်ဆံ ရခဲ့ရင်လည်း အကြော်ရောင်းရင်း.. ၁၀ တန်းကို ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်တဲ့သူကို ထောက်ပံ့မယ်တဲ့...

ခုမှ စကားစပ်မိလို့ပါ...
လွှတ်တော် အမတ်လစာ ၁၀ သိန်းတင်သွင်းတော့...
သမ္မတ က ချီးမြှင့်ငွေ တိုးမြှင့်ခြင်းဆောင်ရွက်ရာမှာ
ဥပဒေပြု အဖွဲ့ အစည်း ဖြစ်သော ...
လွှတ်တော်က ဆောင်ရွက်ခြင်းထက်
အုပ်ချုပ်ရေးအဖွဲ့အစည်းများက ...
အခြေခံဥပဒေနှင့်အညီ ...
ဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းစဉ်များအတိုင်း ...
ကြိုတင်တွက်ချက်ပြီးမှသာ ....
ထိုက်သင့်သည့်ပမာဏ တိုးမြင့်ရေး ....
ဆောင် ရွက်သင့်ပါတယ်တဲ့  ...

သမ္မတ ပြောတာကို ကန့်ကွက်သူကတော့ ဒေါ်နန်းဝါနု ...
သူကတော့ ...
လွှတ်တော်ကိုယ်စားလှယ်တွေ ရရှိတဲ့ လစာဟာ ..
နိုင်ငံတကာနှင့် နှိုင်းယှဉ်ရင် ...
အလွန်နည်းပါးနေတဲ့ အတွက် ....
နိုင်ငံခြား ရောက်ရှိ ချိန်မှာ လွန်စွာအရှက်ရပါတယ်လို့ တင်ပြသတဲ့....

လစာနဲ့ယှဉ်တော့ နိုင်ငံတကာနဲ့ ယှဉ်တယ်...
အလုပ်လုပ်တာကျတော့ နိုင်ငံတကာလိုမလုပ်ပဲ လစာယူချင်တယ်...
အဲလိုနိုင်တကာနဲ့ တန်းညှိကြေးဆို....  
ဝန်ထမ်းတွေ ၊ တပ်မတော်သားတွေ အကုန်လုံးကို အာဆီယံလစားပေးမယ် တင်သွင်းကြည့်ပါလား... 
ထိပ်ဆုံးက ကန့်ကွက်သူတွေလည်း
သူတို့ပဲဖြစ်လိမ့်မယ်...

ခု ပြောချင်တာက... 
ဘာလဲဆိုတာ.. အားလုံးသဘောပေါက်မှာပါ.... 
ခု လက်ရှိ ဒီတစ်ချက်မှာတော့ သူရဦးအောင်ကို  ကိုထောက်ခံတယ်..
ပိုက်ဆံ ရခဲ့ရင်လည်း အကြော်ရောင်းရင်း..
၁၀ တန်းကို ဂုဏ်ထူး ၆ ဘာသာနဲ့ အောင်တဲ့သူကို ထောက်ပံ့မယ်တဲ့...

No comments: