Saturday, December 19, 2015

သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်ထံ ရေပူဆရာတော် စာပို့မည် ................................

သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည်ထံ ရေပူဆရာတော် စာပို့မည်
................................................................................
မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့် မိုးကုတ်မြို့သို့ရောက်ရှိလာပြီး နောက်တစ်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းအပေါ် မကျေနပ်သဖြင့် ရေပူ ဆရာတော်က သမ္မတနှင့်ဒေါ်အောင်ဆန်းဆုကြည်ထံ စာပို့မည် ဖြစ် ကြောင်း ဆရာတော်၏ဒကာများထံက သိရသည်။
ရေပူဆရာတော်သည် မိုးကုတ်မြို့၏ အထင်ကရဖြစ်သည့် မိုးကုတ်အင်း ပြန်လည် တူးဖော်သန့်ရှင်းစေရန် ပြုလုပ်ခဲ့ပြီး အဆိုပါ အင်းအတွင်း အဆောက်အအုံများ တည်ဆောက် နေမှုကိုလည်း ဦးဆောင်ကန့်ကွက်ခဲ့သည်။
ထို့ပြင် သပိတ်ကျင်းမြို့နယ်ရှိ ဝက်သေ ဖက်ရှည်ရွာမြေများအတွက် ကုမ္ပဏီနှင့် အငြင်းပွားမှုကိစ္စများကို ကြားဝင်ဦးဆောင် ဖြေရှင်းပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းအပေါ် မ္တလေး တိုင်းဝန်ကြီးချုပ်ဦးရဲမြင့်နှင့် တာဝန်ရှိသူများ က ကျေနပ်ခြင်းမရှိခဲ့၍ ဝန်ကြီးချုပ် မိုးကုတ် မြို့သို့ လာပြီးနောက်တစ်နေ့တွင် ဆရာတော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါ စာထဲတွင် ဖော်ပြထားသည်။
''မတရားသဖြင့် ဆရာတော်ဖမ်းဆီး ခံထားရတာ။ ဆရာတော်တစ်ပါးရဲ့ ခံစားချက် ရယ်၊ ဒီလိုမတရားမှုတွေကိုသာ ဒီလိုမတရား ကြောင့် လုပ်နေတယ်ဆိုတာ စာရေးပြီးတော့ မပြောခဲ့ဘူးဆိုရင် အခြားသောပုဂ္ဂိုလ်တွေကို ဆက်လက်ကျူးလွန်ခွင့်ရှိနေဆိုပြီး ဌာနဆိုင် ရာတွေ သိအောင်မို့လို့ တင်တာပါ''ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (မိုးကုတ်)မှ ကိုစိုးဌေးက ပြောသည်။
ရေပူဆရာတော်ကို ဇွန်လ (၉)ရက်နေ့ ည (၈းဝဝ)အချိန်က ဖမ်းဆီးခဲ့ပြီး (၂၃)ရက် နေ့တွင် ဆရာတော်အား မိုးကုတ်မြို့တွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။
ဆရာတော်အား ဖမ်းဆီးသည့်အချိန်မှ ဒီဇင်ဘာလ (၁၆)ရက်နေ့ထိ ထောင်အတွင်း တွင် ခြောက်လနှင့် (၂၇)ရက်ရှိခဲ့ပြီး နာရီ ပေါင်း (၆ဝဝဝ)ခန့် အိုးဘိုထောင်အတွင်း ထိန်းသိမ်းခံထားရပြီးဖြစ်သည်။
ဆရာတော်သည် ကျောင်းဆောင်သစ် တည်ဆောက်ရန်အတွက် ကျောင်းထဲတွင် သစ်များပုံထားသည်ကို သစ်များခိုးထုတ်သည် ဟုဆိုကာ သစ်တောဥပဒေ ပုဒ်မ ၄၂ (ခ)ဖြင့် တရားစွဲခံခဲ့ရသည်။
ထို့ပြင် ကျောင်းအတွင်းရှိ ပျက်စီး ယိုယွင်းနေသော စေတီများအား စုပေါင်း၍ ရာဇပူဇိတဓာတုသမုစယဟူသော ဘွဲ့ဖြင့် ဓာတ်ပေါင်းစုစေတီတည်ရန်အတွက် ယင်း စေတီများအတွင်းရှိ ဌာပနာဓာတ်တော်များ ကျန်ရစ်ခဲ့ခြင်းမရှိစေရန် ဆောင်ရွက်နေ သည်ကို တရားမဝင်ကျောက်မျက် တူးဖော် နေသည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး တရားစွဲခံ ထားရသည်။
ရေပူဆရာတော်ကို ဒီဇင်ဘာလ (၁၆) ရက်နေ့က အကြိမ် (၃ဝ)မြောက်ရုံးချိန်း အဖြစ် ရုံးတင်စစ်ဆေးရာ ပြင်ဦးလွင်မြို့ခရိုင် တရားရုံးတွင် သစ်တောဥပဒေပုဒ်မ ၄၂ (ခ)ဖြင့် စွဲချက်တင် အမိန့်ချခဲ့သည်။
''တရားသူကြီးက စွဲချက်တင်အမိန့်ချ လိုက်တာကို အပြစ်ရှိသလား၊ မရှိဘူးလားလို့ ဆရာတော်ကိုမေးတယ်။ ဆရာတော်က လုံးဝ အပြစ်မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့တယ်။အဲဒါကြောင့် စစ်ဆေးပြီးခဲ့တဲ့တရားလိုပြ သက်သေများဖြစ်တဲ့ မိုးကုတ်မြို့က သစ်တော ဦးစီးဦးအောင်လွင်နှင့် မြို့နယ်ဒုရဲမှူး ဦးသိန်း ဝင်းတို့ကိုပြန်ခေါ်ပြီး သက်သေအဖြစ် စစ် ဆေးဖို့ တရားရုံးကို ဆရာတော်က လျှောက် ထားခဲ့တယ်''ဟု ဆရာတော်၏ ဒကာတစ်ဦး ဖြစ်သူ ကိုစိန်တင့်က ပြောသည်။
ရေပူဆရာတော်ကို (၃၁)ကြိမ်မြောက် ရုံးချိန်းအဖြစ် ပြင်ဦးလွင်မြို့နယ်တရားရုံးတွင် စစ်ဆေးမည်ဖြစ်ပြီး (၃၂)ကြိမ်မြောက်ရုံး ချိန်အဖြစ် ပြင်ဦးလွင်ခရိုင်တရားရုံးတွင် စစ်ဆေးသွားမည်ဖြစ်သည်။

No comments: