မန်းတွင် အလွတ်ယာဉ်ကြော ဖျက်သိမ်း
........................................................
မန္တလေးမြို့ရှိ အဓိကလမ်းမ ကြီးများတွင် အလွတ်ယာဉ်ကြော ပေးထားခြင်းအား ဖျက်သိမ်းလိုက် ပြီဖြစ်သည်။
မန္တလေးမြို့ရှိ အဓိကလမ်းမကြီးဖြစ် သော (၇၈)လမ်းနှင့် (၃၈)လမ်းဆုံမီးပွိုင့်တွင် (၇၈)လမ်းအတိုင်း တောင်မှမြောက်သို့အလွတ် ယာဉ်ကြောပေးထားခြင်းအား ယာဉ်မတော် တဆမှုများ မကြာခဏဖြစ်ပွားလာသော ကြောင့် ယခုလ (၁၄)ရက်နေ့က ဖျက်သိမ်း လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ် စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေး ရေးနှင့် စည်းကမ်းသတ်မှတ်ရေး ဆပ်ကော်မ တီထံက သိရသည်။
''ပထမတော့ အလွတ်ယာဉ်ကြောပေး ထားတယ်။ ဒါပေမဲ့ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမလိုက်နာတဲ့အတွက် အန္တရာယ်များ လို့ ပြန်ဖြုတ်လိုက်တာပါ။ အနောက်ဘက်ကနေ အရှေ့ဘက်ကို လာတဲ့ယာဉ်က တစ်ဖက်ကို ဖရီးဝေး ပေးထားတယ်ဆိုတာကို သတိမထား တော့ ယာဉ်မတော်တဆမှုတွေ ခဏခဏဖြစ် နေတယ်။ အဲဒါနဲ့ ယာဉ်ထိန်းနဲ့ အားလုံးတိုင် ပင်ပြီး ဖျက်လိုက်တယ်။ အဲဒီလမ်းကို အလွတ် ယာဉ်ကြောသတ်မှတ်တာက လွန်ခဲ့တဲ့ နှစ်နှစ် က သတ်မှတ်ခဲ့တာပါ။ ယာဉ်ကို မောင်းနှင်ပြီး လမ်းကို အသုံးပြုတော့မယ့် သူတွေအားလုံးက လမ်းအမှတ်အသားတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေ အားလုံးသိထားရင်ဘာမှ ပြဿနာ မရှိပါဘူး။ အခုက မသိကြဘူး။ ကြုံသလို စီးနေကြတယ်''ဟု ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးရေးနှင့် စည်းကမ်း သတ်မှတ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးသက် နိုင်ထွန်းက ပြောသည်။
မန္တလေးမြို့တွင် အလွတ်ယာဉ်ကြောပေး ထားသည့် လမ်းများမှာ (၂၆)လမ်း x (၆၆) လမ်း၊ (၂၆)လမ်း x (၇၈)လမ်း၊ (၂၆)လမ်းx လမ်း(၈ဝ)၊ (၇၈)လမ်း x သိပ္ပံလမ်း၊ ရန်ကုန်-မန္တလေးလမ်း x စစ်ကိုင်းလမ်းခွဲ၊ ရန်ကုန်- မန္တလေးလမ်း x တံခွန်တိုင်ဈေးရှေ့လမ်း၊ (၆၂)လမ်းနှင့် သိပ္ပံလမ်းတို့ဖြစ်သည်။ လက်ရှိ အလွတ်ယာဉ်ကြောပေးထားသည့် လမ်း ကြောင်း ခုနစ်ခုအနက် ရန်ကုန်-မန္တလေးလမ်း x စစ်ကိုင်းလမ်းခွဲ လမ်းကြောင်းတွင်လည်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေ သောကြောင့် ဖျက်သိမ်းသွားရန် စီစဉ်နေ ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေး ဆပ်ကော်မတီထံက သိရသည်။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, December 19, 2015
မန်းတွင် အလွတ်ယာဉ်ကြော ဖျက်သိမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment