ရန်ကုန်ဆေးရုံကြီးတွင် ၁၅ ထပ် အဆောက်အုံသစ် တိုးချဲ့ဆောက်မည်
------------------------------------------
ရန်ကုန်၊ ဒီဇင်ဘာ ၁၈
ဆေးရုံတက်ရောက် ဆေးကုသခံ လူနာဦးရေ များပြားနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း၌ ၁၅ ထပ် အဆောက်အုံသစ်တစ်လုံး ထပ်မံတိုးချဲ့ဆောက်လုပ်ရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောကြားသည်။
ကုတင်နှစ်ထောင်ဆံ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသခံသူ များပြားလာခြင်းကြောင့် ယင်းသို့ တိုးချဲ့ရန် လျာထားခြင်းဖြစ်ပြီး တရားဝင် တိုးချဲ့ဆောက်လုပ်ခွင့်ရမည် ဆိုပါက အဆိုပါ ဆေးရုံးကြီးဝင်း အတွင်းရှိ ဒေါ်ပုဆောင် မြေနေရာတွင် လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်သွားရန် လျာထားသည်ဟု ၎င်းက ဖြည့်စွက်ရှင်းပြသည်။
အဆိုပါ အသစ်တိုးချဲ့ ဆောက်လုပ်မည့် ၁၅ ထပ် အဆောက်အအုံသည် လူနာ ၈၀၀ မှ ၁၀၀၀ ကြား ထားရှိဆေးကုသပေးနိုင်မည့် အဆောက်အအုံ ဖြစ်သည်
No comments:
Post a Comment