Saturday, December 19, 2015

ပ်ိဳေမတို႔ ေဆာင္းကာလမွာ ႏွင္းဆီဖူးေလးလိုႏုတ္ခမ္းအလွ ပိုင္ဆိ္ုင္ခ်င္တယ္ဆိုရင္

【အလွအပႏွင့္က်န္းမာေရး】ပ်ိဳေမတို႔ ေဆာင္းကာလမွာ ႏွင္းဆီဖူးေလးလိုႏုတ္ခမ္းအလွ ပိုင္ဆိ္ုင္ခ်င္တယ္ဆိုရင္
================================================
ေဆာင္းတြင္းတြင္ႏႈတ္ခမ္းေျခာက္ၿပီးႏႈတ္ခမ္းသားေတြမွာအေရခြံကြာတာလူတိုင္းနီးပါးပါပဲ။ႏႈတ္ခမ္းသားဆဲလ္ေသမ်ားကိုဆြဲခြာျခင္းအားျဖင့္ႏႈတ္ခမ္းသားေပါက္ၿပဲျခင္း၊ေသြးထြက္ျခင္းမ်ားျဖစ္ေပၚဖူးပါလိမ့္မယ္။အဲဒီႏႈတ္ခမ္းသားရွိဆဲလ္ေသေတြကိုအလြယ္တကူမနာပဲဖယ္ရွားနည္းမ်ားနဲ႔ကာကြယ္နည္းမ်ားကိုေရးသားေဖာ္ျပလိုက္ရပါတယ၊္
ေဆာင္းတြင္းေရာက္လို႔ရာသီဥတုေၾကာင့္ႏႈတ္ခမ္းတြင္ဆဲလ္ေသမ်ားကိုအလြယ္တကူဖယ္ရွားရန္ညအိပ္ခါနီးခ်ိန္မွာသန္႔ရွင္းတဲ့တာ၀ါမွာေရေႏြးေႏြးေလးကိုဆြတ္ၿပီးႏႈတ္ခမ္းေပၚမွာေအးသြားတဲ့အထိထားကာတာ၀ါနဲ႕အသာအယာသုတ္ကာပြတ္ေပးျခင္းနဲ႔ဆဲလ္ေသမ်ားကိုမနာပဲအလြယ္တကူဖယ္ရွားေပးသြားပါမယ္အဲဒီေနာက္မွာအလွဆီတစ္ခုခုဒါမွမဟုတ္ႏႈတ္ခမ္းနီအဆီေထာင့္ေလးကိုလိမ္းအိပ္ေပးပါကေနာက္ေန႔မွာႏွင္းဆီဖူးေလးပမာနႈးညံဆြဲေဆာင္မႈရွိတဲ့ႏႈတ္ခမ္းသားေလးကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။
ေဆာင္းတြင္းမွာႏႈတ္ခမ္းသားကိုကိုစိုေျပေနေစရန္မွာ
၁။ ေရမ်ားမ်ားေသာက္ေပးျခင္း
၂။လတ္ဆတ္တဲ့အသီးအႏွံမ်ားကိုမ်ားမ်ားစားေပးျခင္း(ဥပမာ-ခရမ္းခ်ဥ္သီး၊စပ်စ္သီး၊လိေမၼာ္သီး)
၃။ႏႈတ္ခမ္းသားေျခာက္လို႔ခဏခဏလွ်ာနဲ႔သတ္ေပးျခင္းဟာႏႈတ္ခမ္းသားကိုထိခိုက္မႈအရွိဆံုးျဖစ္တဲ့မေကာင္းတဲ့အမႈအက်င့္ျဖစ္ပါတယ္ ဒါေၾကာင့္ႏႈတ္ခမ္းသားေျခာက္လို႔အေရခြံေတြကြာေနရင္လွ်ာနဲ႔မလွ်က္ပဲေရေႏြးေႏြးေလးနဲ႔ေဆးေၾကာေပးတာကသက္သာေစမွာျဖစ္ပါတယ္။
၄။ဒိန္ခ်ဥ္နဲ႔သံပရာအေရအနည္းငယ္ကိုေရာၿပီးေရခဲေသတၱာထဲမွာ ၁၅ မိနစ္ေလာက္ထားၿပီးႏႈတ္ခမ္းသားေပၚမွာလိမ္းၿပီးအေပၚကပလတ္စတစ္အုပ္ကာ၁၅မိနစ္ေပါင္းတင္ေပးပါကလည္းစုိျပည္ႏူးညံသည့္ႏႈတ္ခမ္းသားကိုရႏိုင္ပါတယ္။
၅။အလြန္ေအးသည့္ေဒသမ်ားတြင္ ႏႈတ္ခမ္းစည္းမ်ားတပ္ျခင္းျဖင့္လည္းႏႈတ္ခမ္းသားေျခာက္ေသြ႔ျခင္းကိုကာကြယ္ႏိုင္ပါတယ္။
၆။စိတ္ဖိစီးမႈမ်ားကလည္းႏႈတ္ခမ္းသားက်န္းမာေရးကိုထိခိုက္ေစႏိုင္ပါတယ္။
၇။ဗီတာမင္ E ပါတဲ့ႏႈတ္ခမ္းလွအဆီေတာင့္ဒါမွမဟုတ္ရွာေစာင္းလပတ္လည္းလိမ္းေပးႏိုင္ပါတယ္(ေရျပန္ေဆးရန္မလို)။
၈။အားကစားလုပ္ျခင္းမ်ားကလည္းေသြးလည္ပတ္မႈကိုေကာင္းေစၿပီးႏႈတ္ခမ္းသားက်န္းမာေရးကိုအားျဖည့္ေပးပါတယ္။
၉။ညအိပ္ခ်ိန္မွာႏႈတ္ခမ္းသားကိုအလွဆီေတာင့္တစ္ခုခုလိမ္းၿပီးအိပ္ပါကေနာက္ေန႔ေတြမွာႏႈတ္ခမ္းသားေလးကိုစိုျပည္ေနေစမွာပါ
အားလံုးပဲစိုျပည္ႏူးညံ႔ၿပီးလွပဆြဲေဆာင္မႈရွိတဲ့ႏႈတ္ခမ္းတစ္စံုပိုင္ဆိုင္ပါရန္ရည္ရြယ္လွ်က္ China.com ပရိတ္သတ္ႀကီးအားလက္လွမ္းမွီသေလာက္တင္ျပလိုက္ရပါတယ္။

For more news: http://myanmar.china.com

(Unicode)
-----------------------------------------------
【အလှအပနှင့်ကျန်းမာရေး】ပျိုမေတို့ ဆောင်းကာလမှာ နှင်းဆီဖူးလေးလိုနုတ်ခမ်းအလှ ပိုင်ဆိ်ုင်ချင်တယ်ဆိုရင်
================================================
ဆောင်းတွင်းတွင်နှုတ်ခမ်းခြောက်ပြီးနှုတ်ခမ်းသားတွေမှာအရေခွံကွာတာလူတိုင်းနီးပါးပါပဲ။နှုတ်ခမ်းသားဆဲလ်သေများကိုဆွဲခွာခြင်းအားဖြင့်နှုတ်ခမ်းသားပေါက်ပြဲခြင်း၊သွေးထွက်ခြင်းများဖြစ်ပေါ်ဖူးပါလိမ့်မယ်။အဲဒီနှုတ်ခမ်းသားရှိဆဲလ်သေတွေကိုအလွယ်တကူမနာပဲဖယ်ရှားနည်းများနဲ့ကာကွယ်နည်းများကိုရေးသားဖော်ပြလိုက်ရပါတယ၊်
ဆောင်းတွင်းရောက်လို့ရာသီဥတုကြောင့်နှုတ်ခမ်းတွင်ဆဲလ်သေများကိုအလွယ်တကူဖယ်ရှားရန်ညအိပ်ခါနီးချိန်မှာသန့်ရှင်းတဲ့တာဝါမှာရေနွေးနွေးလေးကိုဆွတ်ပြီးနှုတ်ခမ်းပေါ်မှာအေးသွားတဲ့အထိထားကာတာဝါနဲ့အသာအယာသုတ်ကာပွတ်ပေးခြင်းနဲ့ဆဲလ်သေများကိုမနာပဲအလွယ်တကူဖယ်ရှားပေးသွားပါမယ်အဲဒီနောက်မှာအလှဆီတစ်ခုခုဒါမှမဟုတ်နှုတ်ခမ်းနီအဆီထောင့်လေးကိုလိမ်းအိပ်ပေးပါကနောက်နေ့မှာနှင်းဆီဖူးလေးပမာနှုးညံဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းသားလေးကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဆောင်းတွင်းမှာနှုတ်ခမ်းသားကိုကိုစိုပြေနေစေရန်မှာ
၁။ ရေများများသောက်ပေးခြင်း
၂။လတ်ဆတ်တဲ့အသီးအနှံများကိုများများစားပေးခြင်း(ဥပမာ-ခရမ်းချဉ်သီး၊စပျစ်သီး၊လိမ္မော်သီး)
၃။နှုတ်ခမ်းသားခြောက်လို့ခဏခဏလျှာနဲ့သတ်ပေးခြင်းဟာနှုတ်ခမ်းသားကိုထိခိုက်မှုအရှိဆုံးဖြစ်တဲ့မကောင်းတဲ့အမှုအကျင့်ဖြစ်ပါတယ် ဒါကြောင့်နှုတ်ခမ်းသားခြောက်လို့အရေခွံတွေကွာနေရင်လျှာနဲ့မလျှက်ပဲရေနွေးနွေးလေးနဲ့ဆေးကြောပေးတာကသက်သာစေမှာဖြစ်ပါတယ်။
၄။ဒိန်ချဉ်နဲ့သံပရာအရေအနည်းငယ်ကိုရောပြီးရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက်ထားပြီးနှုတ်ခမ်းသားပေါ်မှာလိမ်းပြီးအပေါ်ကပလတ်စတစ်အုပ်ကာ၁၅မိနစ်ပေါင်းတင်ပေးပါကလည်းစိုပြည်နူးညံသည့်နှုတ်ခမ်းသားကိုရနိုင်ပါတယ်။
၅။အလွန်အေးသည့်ဒေသများတွင် နှုတ်ခမ်းစည်းများတပ်ခြင်းဖြင့်လည်းနှုတ်ခမ်းသားခြောက်သွေ့ခြင်းကိုကာကွယ်နိုင်ပါတယ်။
၆။စိတ်ဖိစီးမှုများကလည်းနှုတ်ခမ်းသားကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
၇။ဗီတာမင် E ပါတဲ့နှုတ်ခမ်းလှအဆီတောင့်ဒါမှမဟုတ်ရှာစောင်းလပတ်လည်းလိမ်းပေးနိုင်ပါတယ်(ရေပြန်ဆေးရန်မလို)။
၈။အားကစားလုပ်ခြင်းများကလည်းသွေးလည်ပတ်မှုကိုကောင်းစေပြီးနှုတ်ခမ်းသားကျန်းမာရေးကိုအားဖြည့်ပေးပါတယ်။
၉။ညအိပ်ချိန်မှာနှုတ်ခမ်းသားကိုအလှဆီတောင့်တစ်ခုခုလိမ်းပြီးအိပ်ပါကနောက်နေ့တွေမှာနှုတ်ခမ်းသားလေးကိုစိုပြည်နေစေမှာပါ
အားလုံးပဲစိုပြည်နူးညံ့ပြီးလှပဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းတစ်စုံပိုင်ဆိုင်ပါရန်ရည်ရွယ်လျှက် China.com ပရိတ်သတ်ကြီးအားလက်လှမ်းမှီသလောက်တင်ပြလိုက်ရပါတယ်။

For more news: http://myanmar.china.com

No comments: