Wednesday, December 9, 2015

ကိုဘောမ နဲ့ အင်တာဗျူး


ကိုဘောမ နဲ့ အင်တာဗျူး
==================
အင်တာနက်လူမှုကွန်ယက်နယ်ပယ်တွင် ယခင် ဘောမ၊တဖုတ်သ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ရာမှ ဘောမ အမည်လုပွဲများ ပြင်းထန်နေသည်မို့ ကျွန်ုပ်တို့ရဲ့ ပါလေရာမီဒီယာမှ မူလ လက်ဟောင်း ကိုဘောမနှင့် အင်တာဗျူး တစ်ခုကို လျှို့ဝှက်ပြုလုပ်ခဲ့ပါတယ်။

ဗျူးဆရာ။ ကိုဘောမ ရေ၊ မင်္ဂလာပါ။
ကိုဘောမ။ မင်္ဂလာပါဗျာ။

ဗျူးဆရာ။ ပထမဆုံးအနေနဲ့ ဘောမ၊ တဖုတ်သ ဆိုတာလေးကို ရှင်းပြပေးပါလား။
ကိုဘောမ။ ဒါက ရှင်းပါတယ်။ ဘောရှိတဲ့သူကိုမရင် ဘောမ လို့ခေါ်ပြီး ဖုတ်ရှိတဲ့သူကိုသရင် တဖုတ်သ လို့ ခေါ်တယ်ဗျာ။ ကျွန်တော်ကတော့ မူလကထဲက ဘောပဲမ ခဲ့တာဖြစ်လို့ မူလလက်ဟောင်း ဘောမ အစစ်ပါ။

ဗျူးဆရာ။ မူလလက်ဟောင်းဆိုတော့...
ကိုဘောမ။ ခင်ဗျားလည်း ကြားမှာပဲ။ အရင်တုန်းကရှင်းတယ်။ ဘောမ သမားက ဘောပဲမတယ်။ တဖုတ်သ သမားက တဖုတ်ပဲ သတယ်။ ဘောမလိုက် တဖုတ်သလိုက် မရှိဘူး။ အခုဟာက တဖုတ်သရာကနေ ကြုံရင် ကြုံသလို ဘော လာလာမတော့ ကြာရင် ကျုပ်တို့ ရပ်တည်ချက် ပျောက်တော့မယ်။ ဒါကြောင့် မူလ လက်ဟောင်း ဘောမ လို့ ပြောတာ။ ကျွန်တော့် Facebook ပရိုဖိုင်မှာတောင် ငါတို့သည်ဘောမစစ်စစ်များသာ လို့ ရေးထားပါတယ်။

ဗျူးဆရာ။ ကိုဘောမ ဖြေတာကိုတော့ သဘောကျပါတယ်။ တဖုတ်သတွေက ဘာကြောင့် ဘောမ ဖြစ်လာတယ် ဆိုတာ ပြောပြလို့ ရမလား။
ကိုဘောမ။ ဒါကလဲ နိုင်ငံရေးအခြေအနေပေါ် မူတည်တယ်။ ကျုပ်တို့ ဘောမတဲ့ ခေတ်တုန်းက တစ်နိုင်ငံလုံးစာ လွှမ်းခြုံပြီး မခဲ့ရတာ။ နိုင်ငံရေးလောက၊ တပ်မတော်၊ ရဲ၊ ၀န်ထမ်း၊ ကျောင်းဆရာလောကတွေကနေ လွှတ်တော်ထဲအထိ လိုက်မခဲ့ကြရတာ။ ကျုပ်တို့ အများကြီး အပင်ပန်းခံခဲ့ရတယ်။ အဲဒီအချိန်တွေမှာ ဒင်းတို့ တဖုတ်သတွေက အေးဆေး ဘောထုတဲ့အလုပ်ပဲ လုပ်ခဲ့ကြတာ။ အခု ခေတ်က ပြောင်းလဲလာရော ဒင်းတို့ တဖုတ်သတာက အလုပ်မဖြစ်ဘူးဆိုတာ သိလာပြီလေ။ အဲဒီတော့ ဒင်းတို့နဲ့ အဆင်ပြေသယောင်ရှိတဲ့ ဘောမှန် သမျှ မရင်းကနေ တဖုတ်သဘောမ ဆိုပြီးဖြစ်လာကြတာပဲ။

ဗျူးဆရာ။ ဘယ်လိုပဲဖြစ်ဖြစ် ရည်ရွယ်ချက် တူတူပဲ မဟုတ်လား။
ကိုဘောမ။ မတူဘူး၊ လုံးဝကို မတူဘူး။ ကျုပ်တို့က ဘောကြီး သီးသန့်မတာ။ ဒင်းတို့က ဘောကြီး၊ဘောလတ်၊ ဘောမြေး အစုံမတာ။ ပိုဆိုးတာက ဘောနင်းမတာပဲ။

ဗျူးဆရာ။ ဟုတ်ကဲ့။ ကိုဘောမတို့ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့်အစီအစဉ်ကို သိချင်ပါတယ်။
ကိုဘောမ။ ကျုပ်တို့ရဲ့အလုပ်ဖြစ်တဲ့ ဘောမတဲ့အလုပ်ကိုပဲ ဆက်လုပ်မှာပါ။ မူလလက်ဟောင်းဘောမ ဆိုတဲ့ အတိုင်း ဘောမ အရည်အသွေးမကျအောင်လဲ ကြိုးစားသွားမှာပါ။

ဗျူးဆရာ။ နောက်ဆုံးအနေနဲ့ ပါလေရာမီဒီယာ ပရိသတ်ကြီးကို ပြောချင်တာများ ရှိပါသလား။
ကိုဘောမ။ ပရိသတ်ကြီးလဲ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဘောပဲမမ၊ တဖုတ်ပဲသသ ပြည်သူတွေပါပဲ။ တစ်လက်စထဲ တဖုတ်သများကိုလဲ မီဒီယာကနေတစ်ဆင့်ပြောလိုပါတယ်။ တဖုတ်သရင်း ဘောမချင်တယ်ဆိုရင် ဘောမတွေမှာ ဂုဏ်သိက္ခာနဲ့ လုပ်ထုံးလုပ်နည်းတွေကို အလေးထားပါလို့။

ဗျူးဆရာ။ အခုလို ဖြေပေးတာ ကျေးဇူးတင်ပါတယ်။
ကိုဘောမ။ ကျွန်တော်လဲ ကျေးဇူးတင်ပါတယ်။
..............xxx..................
ဦးတိမ်


No comments: